Part 22(U)

2 1 0
                                    

      ”မောင်နော် လွန်မလာနဲ့နော်”

     ”ဘာလွန်လို့လည်းဖြူသေးရဲ့ မောင်ဖြင့်ဘာမှတောင်မလုပ်ရသေးဘူး”

      ”အဲ့လိုကြီးလုပ်နဲ့လေကွာ ထက်ကြောက်လို့…နော်”

        ”အင်းပါ မောင်ကစတာပါဗျာ။စာလုပ်ရအုံးမှာမလား လုပ်တော့လေ။ စောစောလည်းနားအုံးနော် ကြိုးစားတာကကြိုစားတာပဲ ကိုယ့်ကိုယ်ကိုတော့ ထိခိုက်အောင်ထိမလုပ်ရဘူး”

         ”ဟုတ် မောင်ထက်ကိုစိတ်ဆ်ိုးပြေပြီလားဟင်”

        ”မောင်ကဖြူသေးကိုစိတ်မဆိုးပါဘူးကွာ မောင်စနေတာ”

          ထက်မောင်မျက်နှာမကောင်းဖြစ်သွားတာ တွေ့လိုက်သည်။ ထက်ငြင်းလိုက်တာကြောင့်မောင်စိတ်မကောင်းဖြစ်သွားတာလား မသိဘူး။ ထက်နဲ့မောင့်မှာ အချိန်တွေမအားတာ​ကြောင့် ချစ်ရတဲ့အချိန်ဆိုတာရှားလာသည်။ ကြာလာရင်မောင်စိတ်ပျက်သွားရင်ဘယ်လိုလုပ်မလည်း။ ဟူးးးးး အတွေးလွန်တာကြီးကိုမုန်းလိုက်တာ။

         ထက်တွေးနေတာကိုရပ်ပြီး နာရီကြည့်လိုက်တော့ ညစာစားချိန်တောင်ရောက်နေပြီဖြစ်သည်။

         ထက်ကြီးပုကိုကူညီရန်အောက်ထသို့ဆင်းလာလိုက်သည်။

         ”ကြီးပုထက်ဘာကူညီပေးရမလည်း”

        ”ကြီးပုရဲ့ကလေးလေး စာတွေလုပ်ရလို့ပင်ပန်းနေပါပြီ ကြီးပုမခိုင်းရက်ပါဘူးကွယ်”

        ”ဒါလေးကူပေးရတာ မပင်ပန်းပါဘူးကြီးပုရယ်၊ ဒါတွေဝိုင်းချပေးမယ်နော်”

        ”ဟုတ်ပါပြီရှင်”

      ”ကြီးပုကို ဘာတွေရှုတ်နေတာလည်း”

      ”ဘွားဘွားကြီးနဲ့ ဒယ်ဒီတောင်လာပြီ”

       ”အေးသားရေ ဒယ်ဒီတို့ရောက်ပြီ မင်းကောင်ရောမလာသေးဘူးလား သွားခေါ်အုံး”

         ”သားလဲလာပါပြီဗျာ။ ဒယ်ဒီနော် ဘာက်ိုမင်းကောင်လည်း မသိရင်သားကဖြူသေးမွေစထားတဲ့ အကောင်လေးကြနေတာပဲ”

       ”ဟေ့ကောင် ငါကဒီတိုင်းပြောတာ မင်းဘာသာဖြစ်ချင်တာတွေတွေးမနေနဲ့ ဟားဟားဟား”

အမှတ်မထင်ချစ်ခြင်းWhere stories live. Discover now