Part 14(U)

13 2 3
                                    

မင်းခန့်ထွက်သာထွက်လာရတာ ဘယ်သွားရှာရမလည်းမသိ။သင်တန်းကပေးတဲ့အခန်းမှာရှိမှာပါ အဲ့မှာပဲရှာရမယ်။ဖုန်းဆက်တော့လည်းမကိုင်။မင်းပြေးနိုင်သလောက်ပြေးဖြူသေး မောင်ကမင်းပြေးတဲ့အထိလိုက်​ပြေးမယ်။မင်းမ​ပြေးနိုင်ရင်တော့ရင်တော့ ဆက်မပြေးပါနဲ့မင်းမောနေလိမ့်မယ်။အဲ့နေရာမှာသာရပ်နေပါမောင်မင်းစီ ရောက်အောင်လာခဲ့မယ်။

သင်တန်းကတိုက်ခန်းရှေ့ရောက်တော့ မင်းခန့်တက်သွားလိုက်သည်။

"ဒုန်း.....ဒုန်း"

တံခါးကိုထုနေတာတောင်ထွက်မလာသေး။

"ဖြူသေး တံခါးဖွင့်ပါအုံး"

"ကျီ"

"ဘယ်သူလည်း"

ညီသစ်ဒီတစ်ယောက်ကိုသိပါသည်။သင်တန်းမှာ အရပ်ရှည်ရှည် ခပ်ချေချေနဲ့ဘဲသုံးယောက်ထဲကတစ်ယောက်ဖြစ်သည်။အခုဘာလို့သူကဒိီကိုလာတာလည်း။ဖြူသေးဆိုတာရောဘယ်သူလည်း။အခန်းဖော်ကလည်းအထုပ်ကြီးဆွဲပြန်လာပြီး ေစာင်ခေါင်းခြုံပြီး င်ိုနေသလို ရှိုက်သံကြားနေရသည်။မေးချင်ပေမဲ့လည်းသိပ်မရင်းနှီးတော့ မေးရင်ကောင်းမလား မမေးရင်ကောင်းမလားစဥ်းစားနေတာ စပ်စုမိသလိုဖြစ်မှာလည်းဆိုးမိသည်။အဲ့ချိန်မှာပဲတံခါးခေါက်သံနဲ့ဖြူသေးဆိုပြီးလာခေါ်နေတာ။ဖြူသေးဆိုတာ၊အော်သင်းကြားမိပါရဲ့ အခန်းဖော်က မင်းခန့်ရှိန်ဝါ့အိမ်ကိုပြောင်းနေတယ်ဆိုလားပဲ။အခုပြဿနာဖြစ်လာတာနဲ့တူတယ်။

"ဖြူသေးရှိလား"

"ဖြူသေးဆိုတာက"

"မင်းရဲ့အခန်းဖော်ကောင်းထက်ယံလေ"

"အော်ရှိတယ် ခုနကတင်ပြန်ရောက်ပြီး အိပ်နေတယ်"

"ငါဝင်လာခဲ့မယ်"

"ခနလေး အခန်းဖော်ကိုမေးရအုံးမယ်"

"ဘာ!မေးစရာမလိုဘူး ငါဝင်မယ်"

"မရဘူး"

ထက်အဆောင်ခန်းကိုပြန်ရောက်တော့ စိတ်ရောကိုယ်ပါပင်ပန်း​နေတာနဲ့ စောင်ခေါင်းမြီးခြုံကာငိုနေမိသည်။ထက်ဝင်လာတော့ အခန်းဖော်ကဘာဖြစ်လည်းသိချင်တဲ့ပုံနဲ့ ကြည့်နေတာသိပါသည်။မေးလာခဲ့ရင် ဘာပြန်ပြောရမှန်းလည်းမသိပါ၊အခုချိန်ဘယ်သူမှလည်းစကားမပြောချင်ပါ။ထက်ရောက်ပြီးခနကြာတော့ တံခါးခေါက်သံကြားပြီး အခန်းဖော်နဲ့စကားပြောနေတဲ့သူက မောင့်အသံနဲ့တူလို့ ထကြည့်မိတာ တယ်ပဲမောင်ပါလား။

အမှတ်မထင်ချစ်ခြင်းWhere stories live. Discover now