”နှစ်ယောက်ထဲတော့မရဘူး အရင်ကအရင် အခုမောင့်မှာထက်ရှိနေပြီ ထက်လည်းလိုက်မယ် မော်ခေါ်နော်”
နန့်နန့်မကဘာတွေလုပ်နေမှန်းမသိဘူး။ မင်းခန့်မှာ သူပြောတဲ့အတိုင်းလိုက်ပြီးလုပ်နေရတယ်။ ထက်ကိုလည်းအရိပ်တကြည့်ကြည့် ကြည့်နေရတယ်။ တော်ကြာဟိုတစ်ခါလိုဖြစ်မှရင်ကျိုးနေရမယ်။
”အင်းလိုက်ခဲ့ပေါ့ ဖြူသေးရဲ့””ခေါ်မလို့လားကိုကို”
”အင်းလေ နန့်နန့်အဆင်ပြေတယ်မလား”
”ပြေပါတယ်ကိုကိုရဲ့”
ထက်ရင်ထဲ၌ နှစ်ယောက်လုံးကိုတော်တော် ဒေါသထွက်နေပြီဖြစ်သည်။ မောင်ကလည်းအဲ့ကောင်မလေးရောက်လာမှဘာတွေဖြစ်နေလည်းမသိဘူး။ တကယ်ပဲ သူကမောင့်ရည်းစားလား ထက်ကမောင့်ရည်းစားလားမသဲကွဲတော့ဘူး။ တကိုကိုထဲ ကိုကိုနေတာပဲ။
ကလျာဟိုတစ်ယောက်ကိုကြည့်မိတော့ ကလြာတျို့နှဈယောကျကို အမှုန့်ချေချင်နေတဲ့အကြည့်တွေနဲ့ကြည့်နေတာတွေ့လိုက်ရတယ်။ ချစ်စရာလေး ရုပ်လေးက။ ကလျာတို့စနေတာကို အတည်ထင်နေတာ။
”ဒါဆိုလည်းသွားကျရအောင်လေကိုကို”
”အင်းသွားကြတာပေါ့ ဖြူသေးလာလေ”
တော်သေးတာပေါ့ သတိရသေးလို့ ထက်စိတ်ထဲကသာပြောလိုက်သည်။
ထက်ကားစီရောက်တော့ ဟိုတစ်ယောက်က lover seat မှာထိုင်နေတယ်။ မောင်ကတော့ထက်နောက်မှာရောက်နေတယ်။
”ကိုကိုကလျာက lover seat မှာပဲထိုင်နေကျဆိုတော့ ဒီမှာပဲထိုင်လိုက်တော့မယ်နော်”
”အင်းထိုင်ပေါ့နန့်နန့်ရဲ့ ဖြူသေးကနောက်မှာထိုင်လို့အဆင်ပြေတယ်မလား”
”ရပါတယ် ပြေတယ်”
”ဒါဆိုလည်းတက် မောင်တံခါးဖွင့်ပေးမယ်”
”ရတယ်ထက်ဘာသာဖွင့်မယ်”
”ok”
ထက်တို့ကားစီးလာတဲ့တစ်လျှောက်လုံးသူတို့နှစ်ယောက်ပဲ ရယ်လိုက် စကားလေးပြောလိုက်နဲ့ ထက်ကိုမရှိတဲ့ကြီးလိုသဘောထားထားကျတာ။
YOU ARE READING
အမှတ်မထင်ချစ်ခြင်း
Romanceအူတူတူကောင်လေးနဲ့ ခပ်ချေချေကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလည်း