Part 21(U)

7 2 0
                                    

         အခုဆိုမောင်လည်း သူ့ဒယ်ဒီ Company မှာ အလုပ်ဝင်လုပ်နေပြီဖြစ်သည်။ ထက်နဲ့မောင် တစ်အိမ်တည်းသာနေတာ မျက်နှာချင်းဆိုင်ကသည်က နည်းသည်။ မောင်ကလည်း ၉ နာရီလောက်ဆိုတာနဲ့ ရုံးသွား၊ ထက်ကလည်း ၁ နာရီ သင်တန်းသွားပြီး ၃ နာရီလောက်ဆိုသင်တန်းကလွှတ်သည် ကားစီးတာနဲ့ လမ်းပိတ်တာနဲ့ဆို ၄ နာရီလောက်မှပြန်ရောက်သည်။ ဒါတောင် မောင်တို့အိမ်က ကားနဲ့လိုက်ပို့လို့သာ ၄ နာရီလောက်ပြန်ရောက်တာ။ မောင်ကလည်း ၅ နာရီခွဲ ၆ နာရီလောက်မှပြန်လာ၊ ပြန်လာတော့လည်း နားရတယ်မရှိပါဘူး ရုံးကပါလာတဲ့အလုပ်တွေလုပ်၊ ထက်ကလည်းအိမ်စာတွေလုပ်၊ ကျက်စရာရှိတာကျက်စရာရှိတာတွေကို တစ်နေ့စာတစ်နေ့ဖြတ်ရသည်။

         ထက်အခုက N4 သင်နေတာပြီးတောင်ပြီတော့မယ်ဖြစ်သည်။ ဒါကြောင့် JLPT ဖြေဖို့ ဖောင်တောင်တင်ပြီးသွားပြီဖြစ်သည်။ ဂျပန်စာသင်ရသည်က တကယ့်ကိုရူးချင်စရာကောင်းသည်။ (kotoba)​​​ေ​​ဝါဟာရ တွေဆိုကျက်လေ့မေ့လေ၊ Grammar ကတော့ထက်အကြောက်ဆုံးဖြစ်သည်။ Kanji ဆို စုတ်ချက်နဲ့တင်တိုင်ပတ်နေတာ။ဘယ်လိုလုပ်လုပ်ကိုမေ့တာ။ လရိပ်အားတော့မှ Grammar တွေပြန်ရှင်းပြခိုင်းရမယ်။

          လရိပ်က N3 ပြီး၍ JLPT တောင်ဖြေပြီးသွားပြီဖြစ်သည်။ အမှတ်ကတော့မကောင်းပေမဲ့ အောင်တာကိုတင်ကံကောင်းသည်ဟု ပြောရမယ်။ ဂျပန်စာကအမြဲလုပ်နေရင်တောင် အောင်ချင်မှအောင်တာဖြစ်သည်။ ကံနဲ့လည်းဆိုင်သလို နတ်လည်းကြီးသည်။ လရိပ်သူငယ်ချင်းတစ်ယောက်ဆို သူ့လောက်စာလုပ်တဲ့လူမရှိ အဲ့တာတောင် 1 မှတ်နဲ့ ကျပ်ကြတာ ကြိုးစားသမျှနှမျောစရာ၊ ထက်တောင် သူ့အစားဝမ်းနည်းတာ ကျတဲ့လူဆ်ိုဘယ်လောက်တောင် ဝမ်းနည်းလိုက်မလည်းနော်။ လရိပ်ကဂျပန်မသွားဘဲ အခုသင်တန်းမှာပဲ Sensei ဝင်လုပ်နေသည်။ ကိုယ်ပိုင်သင်တန်းဖွင့်ချင်တာ သူ့ဆန္ဒတဲ့။ အခုတော့ ဆရာ့ဆီမှာ အရင်ဝင်လုပ်ပြီးလေ့လာနေတာ။

         မင်းသွေးတောင်စားဖိုမှူးသင်တန်းတတ်နေပြီဖြစ်သည်။ သူကကိုယ်ပ်ိုင်စားသောက်ဆိုင်ဖွင့်ချင်တာတဲ့။

          ”ဒေါက်…ဒေါက်…ဖြူသေး”

          ”ကျွိီ”

           ”မောင်ပြန်ရောက်ပြီလား”

အမှတ်မထင်ချစ်ခြင်းWhere stories live. Discover now