Part 10(U)

15 2 6
                                    

     ထက်စာထဲလည်း စိတ်မရောက်ဖြစ်နေသည်။မောင်နဲ့လရိပ် တွဲလိုက်တယ် ဆိုတဲ့စကားပဲ နားထဲကြားနေမိသည်။မကြားချင်ဘူး။ငိုရလွန်းလို့လည်းမောနေပြီဖြစ်သည်။အချိန်ခနလေးအတွင်း၊သူတောင်မသိလိုက်ပဲ မောင့်ကိုဒီလောက်ထိချစ်မိသွားလိမ့်မယ်မထင်ဘူး။

     မောင်ကအခုဆိုပျော်နေလောက်ရောပေါ့။လရိပ်ပြန်ချစ်လာမှာ မောင်ဘယ်လောက်တောင်မျှော်နေလည်းထက် ဘေးကကြည့်တောင်သိတာပေါ့။အသည်းကွဲတဲ့ ခံစားချက်ကအတော်ခံရခက်ပါသလား။

      ”ဒေါက်…ဒေါက်”

      ဟင်ဘယ်သူလည်းမသိဘူး မောင်လား။မောင်ဆိုရင်ရော။မောင်ကဘာလို့လာမှာလည်း။

      ”ဒုန်း…ဒုန်း…ဒုန်း”

      ”ဖြူသေး တံခါးဖွင့်”

     တကယ်မောင်ပဲ ဖွင့်ပေးသင့်လား။

      ”တံခါးဖွင့်တာ အဲ့လောက်ကြာစရာလိုလား”

      ”မလိုပါဘူး အင့်”

      ”ဖြူသေးမင်းငိုနေတာလား”

       မေးတော့ဖြူသေးက ငြင်းသည်။

       ”အဲ့ဆို မောင့်ကိုကြည့်”

      ”………”

      ”မောင့်ကိုကြည့်ဆိုနေ မော့လေ”

      သူဆွဲမော့လိုက်တော့ မျက်နှာတစ်ပြင်လုံး နီရဲတွတ်နေအောင် ငိုထားသည်။ဘယ်ချိန်ထဲပ င်ိုနေလည်းမသိ။

      ”ဟင် ဘာလို့ငိုနေတာလည်း”

      ”မငိုပါဘူး ဟင့်”

      ”ငိုနေတာတွေ့ရက်နဲ့မငိုဘူးလို့လိမ်နေတာလည်း မောင့်ကို”

     ”မောင်မဟုတ်ဘူး ရှိန်”

     ”ဘာရှိန်လည်း မောင်လို့ပဲမနေ့က ခေါ်ခိုင်းတာ မေ့နေပြီလား ပြန်မှတ်မိအောင်လုပ်ပေးရမလား”

      ”ရှိန်မှာ လရိပ်ရှိနေပြီလေ။ထက်ကဘာလို့မောင်ခေါ်ရမှာလည်း။သူများအပိုင်ကိုလုလောက်တဲ့ထိ ထက်မလုပ်ချင်ဘူး သွားတော့နော်”

     ”မသွားဘူး”

     ”ထက်ကိုမကောင်းတဲ့လူဖြစ်စေချင်တာလား”

အမှတ်မထင်ချစ်ခြင်းWhere stories live. Discover now