ထက်မနက်နိုးလာတော့နှုတ်ခမ်းကစပ်နေသည်ကြောင့် မှန်ထကြည့်မိတော့ ဘုရားရေထက်နှုတ်ခမ်းက ပေါက်ကာယောင်နေသည်။အဲ့လူဆိုးကောင်ကသိပ်ဆိုးပါရဲ့။လူကိုရင်ခုန်အောင်လည်းသိပ်လုပ်သည်။
မင်းခန့်ညက ဖြူသေးပုံလေးက်ိုတွေးပြီးအသည်းယားနေမိသည်။
မင်းခန့်ထမင်းစားခန်းထဲဝင်တော့ ဖြူသေးက ခေါင်းကြီးငုတ်ပြီး အလုပ်တွေလုပ်နေသည်။ဖွားဖွားကြီးနဲ့ ဒယ်ဒီက ခုမှဆင်းလာသည်။
”ကော်ဖီကငါ့အတွက်ပဲဖျော်ထားတာမလားဖြူသေး”
”ဟုတ်”
ဟုတ်တစ်လူံးထဲဖြေပြီး ခေါင်းကြီးငုတ်နေသည်။အစားကိုလည်းနည်းနည်းချင်းသာစားနေသည်။
…………………………………………
”မားသားလေး နှုတ်ခမ်းကဘာဖြစ်တာလည်း”
”အသေးလေး နှုတ်ခမ်းက ပေါက်ပြီးယောင်နေပါရောလား”
”ကောင်းထက်မင်းနှုတ်ခမ်းကဘာဖြစ်တာလည်း”
ထက်တို့ဧည့်ခန်းထဲဝင်လာတော့ သုံးယောက်သားပြိုင်တူမေးသည်ကြောင့် ထက်ဘာဖြေရမလည်းမသိ။ဟိုတစ်ယောက်ကိုကြည့်တော့ ထက်ကိုဖြေလိုက်လေတဲ့။ထက်ဘယ်လိုဖြေရမလည်း။
”ဟို ဟို”
” မားသားလေးရယ် ဘာတွေပြောရခက်နေတာလည်း။မားနှုတ်ခမ်းအဆီလိမ်းပေးမယ်”
”မလိမ်းနဲ့ ငါလိမ်းပေးလိုက်မယ် နင်တို့တအားစပ်စုတာပဲ”
”ဟဲ့ မစပ်စုလို့ရမလား နှုတ်ခမ်းတစ်ခုလုံးဖူးယောင်နေတာ။ရည်းစားရှိရင် ရည်းစားနဲ့နမ်းတယ်ထင်လို့ရသေးတယ်။အခုဟာက သူဒီအိမ်မှာပဲနေတာ ကျန်တဲ့အချိန်တွေက ငါတို့နဲ့ရှိနေတာ။မဟုတ်မှလွဲရော”
မျက်လုံး ၆ လုံးကသူ့စီရောက်လာသည်။သူလည်းမျက်ခုံးတစ်ဖက်ပင့်ကာ ဘာလည်းဆိုတဲ့ပုံစံဖြင့်ကြည့်လိုက်သည်။ဖြူသေးကိုနှုတ်ခမ်းအဆီလိမ်းပေးဖို့ကိုလုပ်လိုက်သည်။
”မင်းမလိမ်းပေးနဲ့ ငါလိမ်းပေးလိုက်မယ်မင်းခန့်”
”မင်းကဘာလို့လိမ်းပေးမှာလည်း ငါပဲလိမ်းပေးမှာ”
YOU ARE READING
အမှတ်မထင်ချစ်ခြင်း
Romanceအူတူတူကောင်လေးနဲ့ ခပ်ချေချေကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလည်း