”မောင်ဖြူသေးကိုချစ်တယ်”
မောင်ကထက်ကိုချစ်တယ်တဲ့။စနေတာလားမသိဘူး။ဒါမှမဟုတ်မောင်ကတကယ်ချစ်တယ်ပြောတာလား။မောင့်စီကချစ်တယ်လို့ကြားချင်ပေမဲ့ တကယ်မချစ်ပဲ ချစ်တယ်ပြောမှာလည်းကြောက်တယ်။
”ဘာတွေစဥ်းစားနေတာလည်း မောင်ကချစ်တယ်ပြောနေတာလေ မောင့်ပုံကလိမ်နေတာနဲ့တူလို့လား”
”မဟုတ်ပါဘူး”
”မဟုတ်ဘူးဆ်ို မောင့်ကိုချစ်လား”
”စဥ်းစာပရစေအုံး”
”မစဥ်းစားနဲ့တော့ အခုအဖြေပေး”
ဟာကွာဇွတ်မလုပ်တော့ပါဘူးဆ်ို။ထပ်လုပ်မိပြန်ပြီ။
”ထက်.....”
”sorry မောင်တောင်းပန်ပါတယ် ထပ်ပြီးတော့ဇွတ်လုပ်မိပြန်ပြီ ဖြူသေးအဆင်ပြေမှ ပေးပါ မောင်စောင့်ပါ့မယ် နားတော့နော် bye”
ထက်ပြောတာကိုဆုံးအောင်နားမထောင်သွားဘူး မောင်တစ်ယောက်ဟာလေ။အဖြေပေးမို့ကို ဇွတ်မလုပ်ဘူးသာပြောတာ။အခုလည်းသူလုပ်ချင်တာလုပ်သွားတာ။ဘယ်လိုဟာလေးမှန်းကိုမသိဘူး။
ထက်လည်းအခန်းထဲဝင်ပြီးနားနေလိုက်သည်။
…...............................
မင်းခန့်လည်းသူ့ကိုယ်သူသာအပြစ်တင်မိသည် ဇွတ်မလုပ်ဘူးဆိုပြီး လုပ်မိပြန်ပြီ။
မင်းခန့်ရေချိုးရန်လုပ်လိုက်သည်။
သူဘာလို့အမြဲဇွတ်လုပ်မိနေတာလည်းမသိ။ဖြူသေးက ငြိုငြင်ပြီးအဖြေမပေးတော့ရင် ဒုက္ခပဲ။ဖြူသေးအဖြေပေးတဲ့ထိ စိတ်ရှည်ရှည်နဲ့စောင့်ရမယ်။သူဘယ်လောက်ချစ်ကြောင်းကိုလည်းပြရမယ်။
မင်းခန့်ရေချိုးပြီးကုတင်ပေါ် ဖုန်းထိုင်သုံးနေတုန်း.....
”ဒေါက်,...ဒေါက်.....ဒေါက်”
တံခါးခေါက်သံကြားလို့သွားဖွင့်လိုက်တော့ ကြီးပုဖြစ်နေသည်။
YOU ARE READING
အမှတ်မထင်ချစ်ခြင်း
Romanceအူတူတူကောင်လေးနဲ့ ခပ်ချေချေကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလည်း