မင်းသွေးက်ိုပွေ့ချီသွားတဲ့ ရှိုင်းထက်ကိုကြည့်ပြီး မင်းခန့်နဲ့လရိပ် ခေါင်းခါမိသွားသည်။
”ဒီကောင်ရှိုင်းထက် အခုထိကိုယ့်ကိုယ်ကို မသျိသေးဘူး ဒါလေးတိုတာတောင် သဝန်တိုနေတယ်”
”သူများပဲပြောနေတယ် နင်ကရော”
”သူတို့ကိုက ဟုတ်မနေတာကြည့်လေ ဟ်ိုကောင်မင်းသွေးကလည်း ဖွင့်မပြော ဟိုကလည်းမသိပဲ ဖြူသေးနဲ့ပတ်သက်ချင်သေးတယ်”
လရိပ်ဘေးကနေ ပွစိပွစိ ပြောနေတဲ့မင်းခန့်ကို လရိပ် ထရိုက်ချင်မိသည်။သူများကိုကျပြောနေပြီး သူ့ကိုယ်သူကျမသိဘူး။အခုပဲကြည့် ရှိုင်းထက်နဲ့ ထက်ကို မပတ်သက်စေချင်တာအသိသာကြီး။ဒီကောင်တွေနဲ့ တကယ်ရူးချင်တယ်။
”ဖြူသေး မင်းဟာကတိုတယ် အခုပြန်သွားလဲ”
တွေးလို့ပင်မဆုံးသေး မင်းခန့်၏အသံက ထွက်လာသည်။
”ဟဲ့မင်းခန့် သူ့ဘာသာ ကြိုက်တာဝတ်ပါစေပေါ့ နင်နဲ့ဘာဆိုင်လို့လည်း။ရှိုင်းထက်ကျပြောပြီး နင်ကရောဘာဖြစ်တာလည်း”
”လုပ်ချင်တာသာလုပ်ကြ”
ထက်ကြောင်နေမိသည် ထက်အတိုဝတ်တာကို မောင်က ဘာလို့စိတ်ဆိုးနေတာလည်း။အတိုဝတ်တာမကြိုက်ဘူးလား။
”ဟို အတိုဝတ်တာမကြိုက်ဘူးဆိုလည်းသွားလဲလိုက်ပါ့မယ် စိတ်မဆိုးပါနဲ့”
”ပြီးရော”
” ပြီးကြပြီလား ငါတို့လည်းအဆင်သစ်ဖြစ်ပြီသွားကြမလား”
”အေသွားမယ်”
ရှိုင်းထက်တို့ ကားတစ်စီးထဲ ငါးယောက်စီးကျသည်။မင်းခန့်က ကားမောင်းပြီး လရိပ်က love seat မှာထိုင်သည်၊အနောက်မှာက ရှိုင်းထက်တို့သုံးယောက် ထိုင်သည်။ထက်နဲ့မင်းသွေးရဲ့အလယ်မှာ ရှိုင်းထက်ကထိုင်သည်။နှစ်ယောက်လုံး အပေါ်ကလက်ရှည် အောက်က ဘောင်းဘီရှည်ပြောင်းဝတ်ထားကြသည်။
သူတို့အခုသွားနေသည်က Happy Worldဖြစ်ပြီး အသစ်ဖွင့်ထားတဲ့ စိတ္တဇစံ အိမ်ကိုသွားရင်း လျှောက်ပတ်ကြမည်ဖြစ်သည်။လူတွေကိုတိုင်က လိုက်ခြောက်မှာဖြစ်သောကြောင့် တစ်မျိုးလေးနှင့်ရင်ခုန်ဖို့ကောင်းသည်။ထက်လည်းမရောက်ဖူး၍လာခြင်းဖြစ်သည်။
YOU ARE READING
အမှတ်မထင်ချစ်ခြင်း
Romanceအူတူတူကောင်လေးနဲ့ ခပ်ချေချေကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလည်း