Part 5 (U)

16 3 2
                                    

မင်းခန့်အိမ်ကိုပြန်ရောက်တော့ တစ်မနက်လုံးမတွေ့ရသေးတဲ့ မမက ဧည့်ခန်းထဲတွင် TVမှ bl ကားအားထိုင်ကြည့်နေသည်။မသိရင်သူ့အိမ်ကြနေတာပဲ။

မင်းခန့်တွင် အဖွားနဲ့ အဖေသာရှိတော့သည်။ဖွားဖွားကြီးက အပေါ်မှာနေကာ အဖေကတော့အလုပ်သွားနေသည်။မေမေဆုံးပြီးထဲက ဖေဖေသည် အလုပ်ကိုသာ အချိန်ပေးသည်။သူ့ကိုတော့ချစ်ပါသည်။ဖွားဖွားကြီးကတော့ ပိုချစ်သည်။မမကတော့မချစ်ဘူး။

"မမ"

"ခေါ်ပြန်ပြီ၊သေနာရဲ့နင့်ကိုငါဘယ်လိုပြောရမလည်း ငါနင့်ထက် နှစ်လပဲကြီးတာလို့"

"မမကလည်း၊ငါကမောင် လို့အခေါ်ခံချင်တာလေ"

"လင်ယူလိုက်လေ"

"ဒီသေနာမ"

"ချက်ချင်း ဟားဟား ခုနက မမဆို"

"ငါက straight အဲ့လိုပြောနဲ့ မကြိုက်ဘူးဆိုနေမှ"

"ဒီကောင့်ကြောင်းသိရဲ့သားနဲ့ လရိပ်ကို ရယ်ဇွတ်ဖြောင့်"

"-ီးလိုပဲမင်းတို့တွေ"

"ဟားဟားဟား!!!"

သုံးယောက်သား ဝါးလုံးကွဲအောင် ထရယ်ကြသည်။လရိပ်ကို ရယ်သံကလည်းတကယ့်ဆုံးမရယ်သံ သူ့ကိုငါမှမ​ကြိုက်ရင် ကြိုက်မဲ့လူမရှိဘူး။

"နင်တို့ကို ငါမေးမို့"

"မေးလေ"

"ဟီးဟီး"

"မြင်းသိုက်ကလား တစ်ဟီးဟိီးနဲ့"

"နင်ငါ့ကိုကြိုက်တာရောဟုတ်ရဲ့လား"

"နင်ကရော အကောင်းပြောလို့ရလား"

"ထားပါ နင်ကြိုက်လည်းငါပြန်မကြိုက်ဘူး"

"နင်မေးတဲ့စီရောက်မှာလား။မေးတာနားထောင်ရမှာလား နင်တို့ကိုက်တာထိုင်ကြည့်ရမှာလား"

"အေးလေနော် သွေးလေးမှန်တယ်"

"တော်စမ်း ခုမှလာမသွေးနဲ့"

"ငါမေးမယ် တိတ်တော့။နင့်တို့စီ uke ပုံလေးနဲ့ ဖြူဖြူသေးသေးလေးရောက်နေတယ်ဆို"

"ukeကဘာလည်း"

"နင်မသိရင် ငါပြောပြမယ် blအတွဲမှာsemeက top uke က bottomဆိုပြီးရှိတယ်။ဥပမာမင်းသွေးနဲ့ရှိုင်းထက်ဆိုရင် မင်းသွေးက uke ရှိုင်းထက်က semeပေါ့ အဲ့လို"

အမှတ်မထင်ချစ်ခြင်းWhere stories live. Discover now