( Unicode )
" ကျေးဇူးပြုပြီး ထားမသွားပါနဲ့...."
" ငါ့လက်ကိုလွှတ်စမ်း...."
နောက်ပြန်လှည့်ကြည့်လာမလားဆိုတဲ့ စိတ်နဲ့ အားကိုးတကြီးဆွဲထားမိတဲ့ လက်ကို ဖြုတ်ချခံလိုက်ရတော့ အားအင်မရှိတော့စွာဖြင့် ဒူးထောက်ထိုင်ကျသွားရလေတယ် ။
" ငါ ဒူးထောက်ပြီးတော့ ဖြစ်ဖြစ်တောင်းပန်ပါတယ် ငါ့ဆီပြန်လာပေးပါနော်...."
" နင့်မှာ ယောကျာ်းသိက္ခာမရှိတော့ဘူးလား... ငါနင့်ဆီဘယ်တော့မှ ပြန်မလာဘူးလို့ပြောထားပြီးပြီလေ..."
ယောက်ျား သိက္ခာတဲ့လား ဟင့်အင်း သူသာပြန်လာမယ်ဆိုရင် သိက္ခာဆိုတာလည်း ကျွန်တော့် အတွက် အရေးကြီးတဲ့အရာမဟုတ်တော့ဘူးလေ ။
" ဘာဖြစ်လို့လဲ ကိုယ့်မှာ မင်းကိုချစ်တာအပြင် ဘာအမှားများရှိခဲ့မိလို့လဲ...."
" ဟုတ်တယ် ဘာအမှားမှမရှိဘူး.... ဒါပေမယ့် ငါမှနင့်ကိုမချစ်နိုင်တာ... ငါ ချစ်တဲ့သူရှိတယ် သူ့ဆီကိုငါသွားပြရစေ.... ငါ့ကိုလက်လွှတ်ပေးပါတော့ဟာ..."
ဒူးထောက်ထားနေမိတဲ့ သူ့ပုခုံးကို ကိုင်ပြီး သူမ တောင်းဆိုလာသည့်အခါမှာတော့ သူ ဘာစကားမှပြန်မပြောနိုင်ပဲ ခေါင်းငိုက်စိုက်ကျသွားမိလေတယ် ။
လက်လွှတ်ပေးရမယ်တဲ့လား ၅ နှစ်ကျော်ကြာ သူမ အနားမှာရှိနေပြီး လိုလေသေးမရှိဖြည့်စည်းပေးနေတဲ့ သူ့အချစ်တွေကိုတော့ တစ်ချက်လေးလှည့်မကြည့်ပဲ တခြားသူနောက်ကိုလိုက်သွားတဲ့ သူမကို မုန်းလိုက်ချင်ပေမယ့် နည်းနည်းလေးတောင် မမုန်းနိုင်တဲ့ သူ့ကိုယ်သူသာ ဒေါသထွက်မိလေတယ် ။
ဘယ်တုန်းကမှ သူမ စကားကိုမပယ်ရှားနိုင်ခဲ့သူ ပီပီ လက်လွှတ်ပေးဖို့ကိုပဲ သူလက်ခံရတော့မှာပေါ့ ။ သူ ချစ်ရတဲ့ သူမ ပျော်ရွှင်နေမယ်ဆိုရင် သူဝမ်းသာရမှာဖြစ်ပေမယ့် ဘယ်ဘက်ရင်အုံကတော့ အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားသလို ခံစားရလေတယ် ။
သူ ခေါင်းကိုမော့ကာကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့အနားမှာ သူမ မရှိတော့ပေ ။ ခပ်လှမ်းလှမ်းမှာစောင့်နေတဲ့ သူမ သိပ်ချစ်ရပါတယ်ဆိုတဲ့လူနဲ့လက်ချင်းတွဲကာ သူနဲ့အဝေးကိုထွက်ခွာသွားပြီဖြစ်လေတယ် ။ ထိုမြင်ကွင်းတွေငေးကြည့်နေမိတဲ့ သူ့ရဲ့အကြည့်တွေဟာလည်း တဖြည်းဖြည်းဝေဝါးလာပြီးနောက် မျက်ရည်ကြည်တွေဟာ ရစ်သိုင်းလာခဲ့ရတော့လေတယ် ။
YOU ARE READING
Dear My Authornim