~ 13 ~

124 21 10
                                    

( Unicode )

မနက်မိုးလင်းသည်နှင့် ဟိုဆော့ ဖုန်းကိုယူပြီး မနေ့ညကဘယ်နှစ်ကြိမ်ဆက်ဆက်မကိုင်သည့်ဖုန်းကိုဆက်လိုက်မိလေတယ် ။

* ဟဲလို....*

ဒီတစ်ခါမှာတော့ ဖုန်းဝင်ပြီး ချက်ချင်းပင် ဖုန်းကိုင်လာတာကြောင့် ဟိုဆော့ ပျော်သွားရလေတယ် ။

* ဟဲလို အကို မနေ့က တင်တဲ့ပို့စ်က ဘာအဓိပ္ပာယ်လဲဟင်... ကျွန်တော်နဲ့ဖုန်းပြောတုန်းကတောင် အပိုင်းအသစ်တင်မယ်ပြောနေပြီးတော့ ရုတ်တရက်ကြီးဘယ်လိုဖြစ်ရတာလဲ....*

* တောင်းပန်ပါတယ်ကွာ... ကိုယ့်မှာအရေးကြီးကိစ္စလေးရှိနေလို့ပါ....*

* ဟင့်အင်း မဟုတ်တာ အကိုကလည်း... စာရေးတာမရပ်လိုက်ပါနဲ့နော် ကျွန်တော့် ဘဝမှာ အရေးအကြီးဆုံးက အကို့ရဲ့စာတွေပါ... ကျေးဇူးပြုပြီး မရပ်လိုက်ပါနဲ့နော်....*

ငိုသံပါ ပါသည်အထိ ဟိုဆော့ အနူးအညွတ်တောင်းပန်နေမိလေတယ် ။ တကယ်လည်း ဟိုဆော့အတွက် Suga ရဲ့စာတွေက အရေးအကြီးဆုံးဖြစ်နေတာပဲလေ ။

* တောင်းပန်ပါတယ် ကောင်လေးရယ်....*

* ဟင့်အင်း မတောင်းပန်ပါနဲ့... ကျွန်တော့်ကိုခင်တယ်ဆို ဒါဆို စာဆက်ရေးပါနော်....*

* မဖြစ်လို့ပါကောင်လေးရယ် ကိုယ် ဖုန်းချလိုက်တော့မယ်နော်....*

စကားဆုံးသည်နှင့်ဖုန်းချသွားသည့် Suga ကြောင့် ဟိုဆော့ ဘာမှမပြောလိုက်နိုင်တော့ပေ ။ သူ့ဘဝမှာ Suga ရဲ့စာတွေဖတ်ရင်းနဲ့ ပျော်ရွှင်စရာ‌ကိုရှာတွေ့ခဲ့ရတာလေ ။ Suga အခုလို စာရေးတာ ရပ်နားမယ်ဆိုတဲ့ အကြောင်းကို သူ ယောင်လို့တောင် စိတ်ကူးမယဉ်ကြည့်ခဲ့ဖူးပေ ။

" ဟိုဆော့ရေ အလုပ်သွားဖို့ နောက်ကျနေပြီမလား...."

" ဟုတ်ကဲ့ အမေ...."

အလုပ်သွားဖို့တောင် စိတ်မပါပေမယ့်လည်း အိမ်မှာပဲနေရင် ဒီအကြောင်းကိုသာတွေးပြီး စိတ်ညစ်နေရမှာမို့လို့ အပြောင်းအလဲဖြစ်အောင် သွားလိုက်ရန် စိတ်ကူးမိလေတယ် ။

တစ်ညလုံး ကောင်းကောင်းမအိပ်ရ‌တာကြောင့် ညစ်နေတဲ့စိတ်လန်းသွားစေရန် ရေချိုးပြီးတော့ ဟိုဆော့ အိမ်ကနေထွက်လာခဲ့လိုက်လေတယ် ။

Dear My Authornim Where stories live. Discover now