( Unicode )
ယွန်းဂီ နေမကောင်းဖြစ်တာကို ပြုစုပေးပြီးနောက်မှာတော့ ဟိုဆော့နဲ့ယွန်းဂီရဲ့ဆက်ဆံရေးဟာ အရင်လိုပြန်အဆင်ပြေသွားခဲ့လေတော့တယ် ။ ဒါကြောင့် ယွန်းဂီရဲ့အပြုံးနဲ့ တက်ကြွလန်းဆန်းမှုတွေက ပြန်ရောက်လာခဲ့တယ်လေ ။
" နောက်လည်း လာအားပေးပါဦးနော်... ကျေးဇူးတင်ပါတယ် ခင်ဗျ..."
တောက်ပတဲ့အပြုံးနဲ့ ဝယ်သူတွေကို နှုတ်ဆက်နေတဲ့ ယွန်းဂီကြောင့် ဝူယောင်းတို့လည်း အလုပ်လုပ်ရတာ စိတ်ပျော်နေကြတယ် ။ ယွန်းဂီ မျက်နှာညှိုးနေတဲ့ရက်တုန်းက သူတို့လည်း စိတ်ညစ်နေခဲ့ကြတာလေ ။
" အကို ယွန်းဂီကို အခုမှပဲ အရင်လို ပျော်ပျော်ရွှင်ရွှင်မြင်ရတော့တယ်..."
ဝူယောင်းပြောသည့်စကားကြောင့် ယွန်းဂီက သွားသေးသေးလေးတွေပေါ်သည်အထိ ပြုံးပြလေတယ် ။
" ကိုယ် မပျော်ရတာကြာနေပြီလေ အခုလို..."
" ကောင်းတာပေါ့ ကျွန်တော်တို့က အကို့ကိုဒီလိုပဲမြင်ချင်တာ... အကိုမျက်နှာညှိုးနေရင် ကျွန်တော်တို့လည်း မပျော်ရဘူးလေ..."
" ဟုတ်ပါပြီဗျာ... ဒီနေ့ ဆိုင်စောစောပိတ်ပြီး ဝက်သုံးထပ်သားကင်သွားစားကြတာပေါ့ အကိုဝယ်ကျွေးမယ်...."
" ဟင် ဒါဆို ကျွန်တော်က နေ့တစ်ပိုင်းနဲ့ပြန်ရမှာဆိုတော့မစားရတော့ဘူးပေါ့..."
မနက်ပိုင်းလုပ်သည့် အချိန်ပိုင်းဝန်ထမ်းလေးက နှုတ်ခမ်းစူကာပြောလာလေတယ် ။
" ညကျရင် လာခဲ့လေ ညီလေးရဲ့... အကိုက ကိုယ့်ညီလေးကိုဘယ်ထားခဲ့ပါ့မလဲ... "
ယွန်းဂီ ထိုသို့ပြောလိုက်တော့မှပဲ အချိန်ပိုင်း ဝန်ထမ်းလေးလည်းပျော်သွားခဲ့တော့တယ် ။
** ညနေ အလုပ်ဆင်းရင် ဆိုင်လာခဲ့ပါလား... ကိုယ် ဆိုင်က ကလေးတွေနဲ့ ဝက်သုံးထပ်သားသွားစားမလို့...**
ဟိုဆော့ဆီသို့ ယွန်းဂီ ထိုသို့ပို့လိုက်မိလေတယ် ။ ခနအကြာမှာတော့ မက်ဆေ့ခ်ျသံကြားတာကြောင့် ဝင်ကြည့်လိုက်မိတော့ လာခဲ့မယ်လို့ပို့ထားတာကြောင့် ယွန်းဂီ ပျော်သွားခဲ့ရလေတယ် ။
YOU ARE READING
Dear My Authornim