~ 3 ~

138 23 20
                                    

( Unicode )

နေရောင်ခြည်နွေးနွေးက မျက်နှာပေါ်ကိုကျရောက်လာတဲ့အခါမှာတော့ လက်နှစ်ဘက်ကိုဆန့်တန်းကာ အကြောဆန့်ပြီး အိပ်ရာ‌ကနေထလိုက်မိလေတယ် ။

အိပ်ရာထသည်နှင့် ချက်ချင်း အိပ်ရာသိမ်းပြီးတော့မှသာ မျက်နှာသစ် သွားတိုက်လိုက်လေတယ် ။ ပြီးနောက်မှာတော့ မနက်စာအတွက် ကော်ဖီတစ်ခွက်နှင့် မနေ့ညကဆိုင်ကယူလာတဲ့ ပေါင်မုန့်ဖြင့် စားလိုက်မိလေတယ် ။

ထို့နောက်မှာတော့ အိမ်သန့်ရှင်းရေးလုပ်ရန်စိတ်ကူးလိုက်မိတယ် ။ ဒီရက်ထဲ အလုပ်တွေများနေတာကြောင့် အိမ်သန့်ရှင်းရေးမလုပ်ဖြစ်တာရက်အနည်းငယ်ကြာနေပြီဖြစ်လေတယ် ။

အိမ်သန့်ရှင်းရေးဆိုသော်လည်း ထွေထွေထူးထူးတော့မဟုတ်ပေ ။ တစ်အိမ်လုံးကိုဖုန်စုပ်စက်ဖြင့်သန့်ရှင်းရေးလုပ်ပြီးနောက် လျှော်စရာရှိတဲ့ အဝတ်တွေကိုလျှော်ကာ လှန်းလိုက်ပြီးသည်နှင့် သူ့ရဲ့သန့်ရှင်းရေးတာဝန်ကပြီးဆုံးသွားပြီဖြစ်လေတယ် ။

တစ်ယောက်တည်းနေတာဖြစ်တာကြောင့် ထွေထွေထူးထူးသိပ်ရှင်းစရာလည်းရှိမနေပေ ။ ပွတာရှုပ်တာမျိုးလည်းရှိမနေတာကြောင့် 3 ရက်တစ်ခါလောက် ဖုန်တွေရှင်းရုံသာရှိလေတော့တယ် ။

အလုပ်တွေအားလုံးပြီးချိန်မှာတော့ ရေမိုးချိုးကာ အဝတ်အစားလဲပြီး ဆိုင်သို့သွားရန်ပြင်လိုက်လေတယ် ။ ယွန်းဂီ ခြံထဲကနေ ကားမောင်းထွက်ရန်ပြင်နေတုန်းမှာပဲ သုတ်တီးသုတ်ပြာနဲ့ရောက်လာသူကတော့ ဟိုဆော့သာ ဖြစ်လေတယ် ။

" တော်ပါသေးရဲ့ မင်းသွားပြီထင်နေတာ ..."

ပြောပြောဆိုဆိုနှင့် ကားပေါ်တက်ကာထိုင်နေတဲ့ ဟိုဆော့ကို ပြုံးပြီးတော့သာကြည့်လိုက်ပြီးနောက် ဆိုင်သို့ထွက်လာခဲ့လိုက်တော့တယ် ။

ယွန်းဂီက မိဘတွေနောက်မလိုက်ပဲနေခဲ့သော်လည်း မိဘတွေက သူ့ကို တစ်လတစ်ခါ မုန့်ဖိုးပို့ပေးစမြဲပင်ဖြစ်တယ် ။

သို့သော်လည်း ထိုမုန့်ဖိုးကိုသုံးပြီးတော့ပဲ မနေချင်တာကြောင့် သူအရင်ကတည်းက လုပ်ချင်ခဲ့တဲ့စိတ်ကူးလေးတစ်ခုဖြစ်တဲ့ ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ဖြစ်ခဲ့လေတယ် ။

Dear My Authornim Where stories live. Discover now