~ 14 ~

154 22 24
                                    

( Unicode )

" ဟူး....."

အိမ်ပြန်ရောက်သည်နှင့်လေပူကိုမှုတ်ထုတ်ကာ အိပ်ရာပေါ် ခြေပစ်လက်ပစ်လှဲချမိလိုက်လေတယ် ။ ဒီနေ့အထိလည်း ယွန်းဂီက ဆိုင်မလာသေးတာကြောင့် ဆိုင်ပိတ်ချိန်အထိ ဟိုဆော့ ဆိုင်ကို သေချာဂရုစိုက်ခဲ့လေတယ် ။

အရင်ကဆိုရင် ယွန်းဂီရဲ့ကားနဲ့ အေးအေးဆေးဆေးပြန်လာလို့ရပေမယ့် အခုတော့ စက်ဘီးနင်းပြီးပြန်ရတာဖြစ်တာကြောင့် တစ်နေကုန်ပင်ပန်းထားတာတွေနဲ့ပေါင်းပြီး လူကမလှုပ်ချင်ဖြစ်နေမိလေတယ် ။

" ဟိုဆော့ရေ အမေ ခနဝင်ခဲ့မယ်နော်...."

" ဟုတ်ကဲ့...."

အပြင်ကနေ တံခါးခေါက်ကာ လှမ်းအော်တဲ့အမေ့က်ု အသံပြန်ပေးလိုက်မိပေမယ့် အိပ်ရာပေါ်ကနေတော့မထဖြစ်ပေ ။ အခန်းတံခါးကလည်း စေ့ရုံစေ့ထားတာဖြစ်တာကြောင့် အမေက သူ့ဘာသာ တံခါးဖွင့်ပြီးဝင်လာခဲ့လေတယ် ။

" ရော့ မင်းအတွက် ယွန်းဂီ ပေးသွားတာ...."

အမေ့က သူ့မျက်နှာရှေ့အထိ ကြက်ကြော်ဘူးကိုကမ်းပေးရင်းပြောလာတာကြောင့် ဟိုဆော့ ဝမ်းသာအားရပင် အိပ်ရာကနေထလိုက်မိလေတယ် ။

" ဘယ်အချိန်ကပေးသွားတာလဲ အမေ...."

" မင်း ပြန်မရောက်ခင်ကပဲ... ပြီးတော့ သူ တနင်္လာနေ့ဆိုင်ပြန်လာမယ်တဲ့ မင်းကိုပင်ပန်းသွားပြီမို့လို့ ကျေးဇူးတင်ပါတယ်လို့လည်းပြောသွားတယ်...."

" အဲ့ဒါများ လူကိုယ်တိုင်ပြောပါတော့လား တစ်ဆင့်ပြောခိုင်းရသေးတယ်...."

ဟိုဆော့ မကျေမနပ်နဲ့ရေရွတ်ပြီး အမေ့လက်ထဲက ကြက်ကြော်ဘူးကိုယူကာ ဖွင့်လိုက်လေတယ် ။

" မင်းတို့ရန်ဖြစ်ထားကြသေးလား...."

" ဟင့်အင်း မဖြစ်ပါဘူး အမေရဲ့...."

လိမ်သာလိမ်လိုက်ရသော်လည်း အမေ့ရဲ့အကြည့်စူးစူးတို့ကြောင့် ဟိုဆော့မှာ စားလက်စကြက်ကြော်လေးနင်တော့မတတ်ဖြစ်သွားရလေတယ် ။

" မဖြစ်ရင်လည်း ပြီးတာပဲ..  ယွန်းဂီက မင်းအပေါ်ဒီလောက်ကောင်းတာ အနိုင်မကျင့်စမ်းပါနဲ့....."

Dear My Authornim Where stories live. Discover now