~ 20 ~

173 22 6
                                        

( Unicode )

' Morning ဟိုဆော့ '

မနက်အိပ်ရာနိုးနိုးချင်းဝင်လာတဲ့ message ကြောင့်ဟိုဆော့ပြုံးလိုက်မိလေတယ် ။

' Morning ဆိုင်သွားတော့မှာလား '

' ဟုတ်တယ် အခုသွားတော့မလို့ '

' ငါလည်းအလုပ်သွားဖို့ပြင်လိုက်ဦးမယ် '

ယွန်းဂီဆီကို စာပို့ပြီးနောက် ဟိုဆော့ ရေချိုးခန်းထဲဝင်ခဲ့လိုက်လေတယ် ။ ရေချိုးခန်းထဲကထွက်လာချိန် ဖုန်းကိုကြည့်လိုက်တော့ ယွန်းဂီက စာထပ်ပို့ထားတယ်လေ ။

' fighting 💪🏻 '

ပို့ထားတဲ့စာကိုမြင်ပြီးနောက် ဟိုဆော့ သဘောကျစွာရယ်လိုက်မိလေတယ် ။ ယွန်းဂီနဲ့ပြန်အဆင်ပြေရပြီဖြစ်တာကြောင့် ဟိုဆော့ စိတ်ချမ်းသာနေမိတယ်လေ ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ယွန်းဂီကိုထပ်ပြီးတော့ မဆုံးရှုံးချင်တော့သလို ဝေးလည်းမဝေးချင်တော့ပေ ။

ဟိုဆော့ မနက်စာစားရန်အောက်ထပ်ကိုဆင်းလာတော့ ယွန်းဂီရဲ့ကား ခြံထဲကထွက်သွားတာကိုတွေ့လိုက်ရလေတယ် ။

" ဒီနေ့လည်းသောက်မလာနဲ့ဦးနော် ဟိုဆော့..."

" စိတ်ချပါ အမေရဲ့ မနေ့က သားကို ကြိုဆိုကြတဲ့ပွဲမို့လို့သောက်တာပါ... အမြဲတမ်းမသောက်ပါဘူး စိတ်ချ..."

" အလုပ်လုပ်နေရတာလေကွာ အထိုက်အလျောက်တော့ သောက်တာစားတာရှိမှာပေါ့ အမေကြီးရဲ့... အလွန်အကျွံတော့မဖြစ်စေနဲ့ပေါ့ ဟုတ်လားသား..."

" ဟုတ်ကဲ့ပါ အဖေ..."

ဟိုဆော့ ကုမ္ပဏီမှာအလုပ်ဝင်ပြီးကတည်းက အဖေ့ဆီကအမြင်ကြည်မှုကိုရနေလေတယ် ။ အခုလည်း သူ့ဘက်ကနေ ဝင်ကာပြောနေတာကြောင့် အမေကတောင် မျက်စောင်းထိုးနေလေတယ် ။

" တော်တော်ချစ်နေကြတဲ့သားအဖတွေပဲ..."

မကျေမနပ်နဲ့အမေပြောတဲ့စကားကြောင့် ဟိုဆော့တို့သားအဖရယ်မိကြလေတယ် ။ ထို့နောက် သူတို့သားအဖအတူ ကုမ္ပဏီကိုထွက်လာခဲ့ကြလေတယ် ။

အခုဆိုရင် အလုပ်ဝင်တာ လပိုင်းမျှကြာနေပြီဖြစ်တာကြောင့် ရုံးကလူတွေအားလုံးနှင့်သူဟာ တော်တော်လေးရင်းနှီးနေပြီဖြစ်လေတယ် ။ ထို့အပြင် သူ့ရဲ့စိတ်နဲ့ နေပုံထိုင်ပုံကအစရင့်ကျက်လာတယ်လို့ခံစားမိရလေတယ် ။

Dear My Authornim Where stories live. Discover now