( Unicode )
** Morning အကို **
မနက်အိပ်ရာနိုးသည်နှင့် ဖုန်းကိုအရင်ဆုံးယူလိုက်ပြီး Suga ဆီသို့စာပို့လိုက်မိလေတယ် ။ ဒါဟာ Suga နဲ့ခင်ပြီးနောက်နေ့ကစပြီး ဟိုဆော့ လုပ်နေကျအရာဖြစ်လေတယ် ။
အခုဆိုရင် Suga နဲ့စကားပြောနေရတာကို သူ စွဲလမ်းနေမိပြီဖြစ်လေတယ် ။ Suga ကိုတခြားသော မရိုးမသားစိတ်မျိုးနဲ့ခင်တွယ်နေမိတာမဟုတ်ပဲ သူအရမ်းသဘောကျရတဲ့ စာရေးဆရာဖြစ်တာကြောင့် လေးစားချစ်ခင်နေမိခြင်းသာဖြစ်လေတယ် ။
သူနဲ့ Suga ကစခင်ပြီးကတည်းက နေ့တိုင်း စကားမပြောဖြစ်တဲ့နေ့ဆိုတာ မရှိတော့ပေ ။ နေ့တိုင်း ပြောဖြစ်ကြလေတယ် ။ အမြဲတမ်းသူ့ကို အချိန်ပေးတဲ့ Suga ကို သူတကယ်ပင်ခင်တွယ်မိရလေတယ် ။
** Morning ကောင်လေး **
ဟိုဆော့ ပို့လိုက်တဲ့စာရောက်တာ မိနစ်အနည်းငယ်ကြာပြီးသည့်အချိန်မှာပဲ Suga ဆီက ပြန်ပို့တဲ့စာကိုရရှိလိုက်လေတယ် ။
ထိုစာကိုမြင်လိုက်သည်နှင့် ဟိုဆော့အတွက် တစ်နေ့တာလုံးအတွက် အားအင်တွေရရှိသွားသလိုပင် ။ ဒါကြောင့် သီချင်းတစ်ပုဒ်ကိုအော်ဆိုရင်း ရေချိုးခန်းထဲကိုဝင်ခဲ့လိုက်လေတယ် ။
ဟိုဆော့ ရေချိုးပြီး ပြန်ထွက်လာတော့ စာဝင်တဲ့အသံကြားလိုက်တာကြောင့် ဖွင့်ကြည့်လိုက်တော့ Suga ပို့ထားတာဖြစ်နေလေတယ် ။
** ဒီနေ့က ဘာနေ့လဲဆိုတာ မှတ်မိတယ်မလား ကောင်လေး **
** မှတ်မိတာပေါ့ အကိုရဲ့ ဒီနေ့က တနင်္လာနေ့လေ အပိုင်းအသစ်အတွက် မစောင့်နိုင်တော့ဘူး **
တကယ်လည်း ဟိုဆော့ ဒီနေ့တင်မယ့် အပိုင်းအတွက် ကြိုကာရင်ခုန်နေမိတယ်လေ ။ အပတ်တိုင်း တနင်္လာနေ့ရောက်ရင် သူ့စိတ်တွေ လန်းဆန်းပျော်ရွှင်ရမြဲဖြစ်လေတယ် ။
** မစောင့်နိုင်လည်း စောင့်ပေးပါဦး ကောင်လေးရေ **
** ဒီနေ့အပိုင်းမှာ သူတို့ပြန်ဆုံကြမှာလားဟင် **
** ပြောပြလိုက်ရင် အရသာပေါ့သွားမှာပေါ့ ကောင်လေးရဲ့ ဒါကြောင့် စိတ်ရှည်ရှည်နဲ့သာစောင့်ပေးပါနော် **
![](https://img.wattpad.com/cover/368337513-288-k809058.jpg)
YOU ARE READING
Dear My Authornim