~ 11 ~

111 16 10
                                    

( Unicode )

" ဒီနေ့နေ့လည်စာ ပင်လယ်စာခေါက်ဆွဲစားကြတာပေါ့...."

" သင့်မြတ်လှကြောင်းပါ ဘောစိကြီးခင်ဗျာ...."

ယွန်းဂီရဲ့ပြောစကားအဆုံးမှာပဲ ဟိုဆော့က ထိုသို့ ဝင်နောက်လိုက်တာကြောင့် အားလုံးရယ်ပွဲဖွဲ့သွားကြလေတယ် ။

" ဒီနားကဆိုင်ကပဲဝယ်ခဲ့နော် ညီလေး ရော့ဒီမှာ ပိုက်ဆံ...."

ယွန်းဂီက ပိုက်ဆံထုတ်ပေးပြီးနောက် အချိန်ပိုင်းဝန်ထမ်းကောင်လေးကိုခိုင်းလိုက်လေတယ် ။

အခုတော့ ယွန်းဂီက သူအရင်ကတည်းပြောထားတဲ့အတိုင်း အချိန်ပိုင်း ဝန်ထမ်းကောင်လေး နှစ်ယောက်ခေါ်ထားပြီးပြီဖြစ်လေတယ် ။ ထိုကောင်လေးနှစ်ယောက်ကြောင့်ရော ဟိုဆော့ အရင်လိုအရမ်းမပင်ပန်းတော့ပဲ တစ်နေကုန်အလုပ်လုပ်ရတာကိုနေသားကျနေပြီဖြစ်လေတယ် ။

" မောနေပြီလား ဟိုဆော့...."

ခုံတွေနေရာတကျပြန်စီနေတဲ့ ဟိုဆော့ကို ယွန်းဂီက စိတ်ပူစွာမေးပြီးနောက် ရေတစ်ဘူးကမ်းပေးလာတာကြောင့် ဟိုဆော့ ယူသောက်လိုက်လေတယ် ။

" မမောပါဘူးကွာ... ငါ နေသားကျနေပါပြီ...."

ဟိုဆော့ရဲ့ တောက်ပတဲ့အပြုံးလေးနဲ့ပြန်ဖြေတဲ့စကားကြားတော့မှပဲ ယွန်းဂီ စိတ်အေးရတော့လေတယ် ။

" ဒါနဲ့ မင်းမနက်ဖြန် ကိုယ်နဲ့ တစ်နေရာလိုက်ခဲ့ပေးပါလား ဟိုဆော့...."

" ဘယ်ကိုလဲ ယွန်းဂီ...."

" ကိုယ့်သူငယ်ချင်း လန်ဒန်ကပြန်လာလို့လေ ကြိုဆိုပွဲလုပ်မလို့ လိုက်ခဲ့ပေးပါလား...."

" ဟာ... မလိုက်ချင်ပါဘူး ငါနဲ့မှမသိပဲကို ပြီးတော့ ပိတ်ရက်ဆို ငါ့မိတ်ဆွေနဲ့သွားတွေ့တာ သိရက်သားနဲ့...."

ဟိုဆော့က ရေဘူးကိုဖွင့်သောက်ရင်းနဲ့မှ လက်ရောခေါင်းရောခါကာငြင်းတာကြောင့် ယွန်းဂီ စိတ်ညစ်မိသွားရလေတယ် ။

" ကိုယ်လည်းသူကလွဲပြီးတခြားသူတွေနဲ့မသိလို့ ဟိုဆော့ကိုအကြောင်းပြပြီး မြန်မြန် ပြန်ရအောင်လို့ပါ.... အပြန်မှာ ကြိုက်တာဝယ်ကျွေးမယ်လေ...."

Dear My Authornim Where stories live. Discover now