~ 2 ~

164 21 15
                                    

( Unicode )




" ဟိုဆော့ရေ ညစာစားကြမယ်လေ...."

အမေ့ရဲ့အော်ခေါ်သံကြောင့် ဟိုဆော့ ဖုန်းသုံးနေရာကနေ အခန်းထဲကထွက်လာခဲ့လိုက်တယ် ။ ထမင်းစားခန်းထဲရောက်တော့ ပြင်ထားတဲ့ဟင်းပွဲတွေမြင်မှပဲ ဗိုက်ဆာလာရတော့လေတယ် ။ ဒါကြောင့် ခုံကိုဆွဲပြီး စားပွဲမှာဝင်ထိုင်ရင်ပြင်လိုက်မိတယ် ။

" နေဦး... ဒီ နံရိုးပေါင်းလေး ယွန်းဂီ ကိုသွားပို့ပေးဦး..."

" ဟာ... အမေကလည်း..."

ဟိုဆော့ ထမင်းစားရန်ပြင်ကာမှအမေကခိုင်းတာကြောင့် စိတ်ပျက်တဲ့လေသံနဲ့ပြောလိုက်မိလေတယ် ။

" ဘာ အမေကလည်းလုပ်နေတာလဲ... ဒါလေး သွားပို့ရတာဘယ်လောက်ကြာတာမို့လို့လဲ သွားပို့လိုက်...."

" သူ့ဘာသာသူ ဟင်းဝယ်စားနေကြပဲဟာကို..."

" ဝယ်စားတဲ့ဟင်းက အိမ်ထမင်းအိမ်ဟင်းလောက်ကောင်းပါ့မလားဟဲ့... သွားပို့လိုက်စမ်းပါ..."

" ဟိုဆော့... အမေကခိုင်းနေတယ်မလား..."

ထမင်းစားခန်းထဲဝင်လာတဲ့ အဖေကပါ ဝင်ပြောလာတာကြောင့် ဟိုဆော့ အမေ့လက်ထဲက ပန်းကန်ကိုယူပြီး ဘောက်ဆက်ဆက်ဖြင့် အိမ်ကထွက်လာခဲ့လိုက်တယ် ။

" အသက်ကကြီးနေပြီ အခုထိကလေးလိုလုပ်နေတုန်း... ဘယ်တော့များမှ ရင့်ကျက်မလဲမသိဘူး..."

အိမ်ကထွက်လာတာတောင် အမေ့ရဲ့ တဗြစ်တောက်တောက်ဖြင့် သူ့ကိုပြောနေတဲ့စကားသံတို့က ကပ်ပါလာခဲ့လေတယ် ။

တစ်ဖက်အိမ်သို့ရောက်တော့ အိမ်ကလည်းမှောင်မဲနေသလို တံခါးဘဲလ်ကိုတီးလိုက်ပေမယ့်လည်း ဘာအသံမှမကြားရတာကြောင့် ကိုယ့်ဘာသာပဲ တံခါးဖွင့်ကာ ဝင်ခဲ့လိုက်တော့တယ် ။

တံခါးရဲ့လျှို့ဝှက်နံပါတ်ကလည်း ခက်ခက်ခဲခဲ မဟုတ်ပဲ ဟိုဆော့ရဲ့မွေးနေ့ကိုထားထားခြင်းဖြစ်လေတယ် ။ ယွန်းဂီက သူ့ကိုကြိုက်နေတာမှန်သော်လည်း တစ်ခါတလေကျရင် အရူးကောင်လို့ ပြောလိုက်မိချင်တယ် ။

သူ့လိုလူကိုဘာကြောင့်များ ယွန်းဂီ သဘောကျနေလဲဆိုတာ ဟိုဆော့နားမလည်နိုင်ပေ ။ ဟိုဆော့ကတော့ ယွန်းဂီကို ဘယ်တော့မှပြန်မကြိုက်မှာသေချာလေတယ် ။

Dear My Authornim Where stories live. Discover now