~ 17 ~

139 22 3
                                    

( Unicode )

တွေ့နေမြင်နေကျ မျက်နှာကိုမမြင်ရတဲ့အခါ သူ့ရင်တစ်ခုလုံး လစ်ဟာ မောဟိုက်နေလေတယ် ။ ခပ်ခွာခွာနေဖို့ သူ့ဘက်ကစပြီး ဆုံးဖြတ်ခဲ့ပေမယ့် မနေနိုင်တာ သူပါပဲ ။

ဟိုဆော့ကတော့ သူပြောခဲ့တာကို စိတ်ဆိုး၍ပဲလားမသိ သူနဲ့အဝေးမှာနေနေပြီဖြစ်လေတယ် ။ အခုဆိုရင် အရိပ်အရောင်လေးတောင် မမြင်ရတော့တာကြောင့် နေ့တိုင်း လွမ်းနေရတော့လေတယ် ။

အရင်က ကုမ္ပဏီအလုပ်မလုပ်ချင်လို့ ပတ်ပြေးနေတဲ့သူက ချက်ချင်းကြီးဆိုသလို အလုပ်ဝင်သွားတာဟာ သူ့ကြောင့်များလား ။

တကယ်တော့ ဟိုဆော့နဲ့သူဝေးရတဲ့တရားခံဟာ သူပါပဲ ။ အရင်ကလည်း အဆင်ပြေစွာနဲ့ ဖြတ်သန်းခဲ့ရတဲ့ နေ့တွေပျက်စီးသွားအောင် လုပ်ခဲ့မိတာ သူပဲလေ ။

အခုတော့ အရင်လို နီးကပ်စွာရှိရမယ့်နေ့တွေက ပျောက်ဆုံးသွားခဲ့ပြီဖြစ်လေတယ် ။ ဒါကြောင့် သူ့ရဲ့နေ့ရက်တိုင်းဟာ နာကျင်ခြင်းတွေနဲ့သာ ဖြတ်သန်းနေခဲ့ရတယ်လေ ။

" အကိုဟိုဆော့မရှိတော့ ဆိုင်က တိတ်ဆိတ်နေသလိုခံစားရတယ်နော်...."

" ဟုတ်ပကွာ...."

ဝူယောင်းတို့တွေလည်း သူ့လိုပင် ဟိုဆော့ကိုသတိရနေကြပုံရလေတယ် ။ အလုပ်လုပ်ရင်း သူတို့အချင်းချင်းပြောနေကြတဲ့စကားတွေကိုကြားလိုက်ရတော့ ယွန်းဂီလည်း သက်ပြင်းချမိသွားလေတယ် ။

" အကိုဟိုဆော့က ဘာလို့ရုတ်တရက်ကြီး သူ့အဖေကုမ္ပဏီမှာ အလုပ်ဝင်လုပ်သွားတာလဲဟင် အကို..."

သူ့တို့ဘာသာပြောနေရင်းကနေ ယွန်းဂီကိုလှည့်ကာမေးကြပြန်လေတယ် ။

" သူ့အဖေက အလုပ်ဝင်ခိုင်းနေတာကြာပြီလေ သူကမလုပ်ချင်လို့ ရှောင်နေတာ အခုတော့ရှောင်လို့မရတော့လို့နေမှာပေါ့...."

" ဟုတ်မယ်နဲ့တူတယ်နော် .... ကျွန်တော်တို့တော့ အကိုဟိုဆော့ကိုအရမ်းသတိရတာပဲ... အကိုနဲ့‌တွေ့ရင် ဆိုင်ကိုလာလည်ဖို့ပြောလိုက်ပါဦးနော်...."

" အင်းပါ ပြောလိုက်မယ်...."

တကယ်တော့ ဟိုဆော့ရဲ့အရိပ်အရောင်လေးတောင် ယွန်းဂီ မမြင်ရတာကြာနေပြီဖြစ်လေတယ် ။ သူ့ဘက်က တွန်းထုတ်ထားတာဖြစ်တာကြောင့် ဟိုဆော့အနားဆီပြန်သွားရမှာအားနာနေမိသလို သူ့ကို စိတ်အပြောင်းအလဲများတဲ့သူလို့ သတ်မှတ်မှာကိုလည်း စိုးရိမ်နေမိလေတယ် ။

Dear My Authornim Where stories live. Discover now