( Unicode )
ကော်ဖီဆိုင်သွားရန် ပြင်ဆင်နေတုန်းမှာပဲ ဝင်လာတဲ့ ဖုန်း noti သံကြောင့် ဟိုဆော့ ဖုန်းကိုဖွင့်ကာကြည့်လိုက်မိလေတယ် ။
Suga ဆိုတဲ့ အကောင့်နာမည်နဲ့ Suga ရဲ့လိုဂိုပုံကို profile တင်ထားတဲ့အကောင့်တစ်ခုက သူ့ကို chat box ကနေ hi ဆိုပြီးပို့ထားတာကိုတွေ့လိုက်ရလေတယ် ။
Suga ရဲ့ fan တော်တော်များများက ဒီလို acc နာမည်တွေ profile တွေထားတတ်တာကြောင့် ဟိုဆော့ ဒီအတိုင်းသာထားလိုက်မိလေတယ် ။
နောက်ကျနေပြီဖြစ်တဲ့အတွက် ဆိုင်သွားဖို့ကိုပဲအမြန်ပြင်ဆင်လိုက်ပြီး အိမ်ကထွက်လာခဲ့လိုက်တယ် ။ ဆိုင်ကိုရောက်တော့လည်း အလုပ်တွေများနေတာနဲ့တင် ဖုန်းလည်းမကိုင်ဖြစ်သလို ပို့ထားတဲ့စာကိုလည်းမေ့သွားခဲ့လေတယ် ။
" ဟိုဆော့ရေ မုန့်တွေထပ်သွားယူရဦးမယ်ထင်တယ် ကိုယ်နဲ့လိုက်ခဲ့ပါလား...."
" အင်း လိုက်ခဲ့ပေးမယ်လေ....."
ဒီနေ့ဆိုင်က ထင်ထားတာထပ်လူကျတာကြောင့် မှာထားတဲ့မုန့်တွေကုန်သလောက်ဖြစ်သွားပြီဖြစ်လေတယ် ။ ထပ်မှာရင် လာပို့တာကြာနေမှာစိုးတာကြောင့် ကိုယ်တိုင်သွားယူရန်သာစိတ်ကူးလိုက်လေတယ် ။
" ညကျရင်ကိုယ် သွားစရာလေးရှိနေလို့ ညစာလာမစားဖြစ်တော့ဘူးလို့ အန်တီကိုပြောပေးနော်...."
ယွန်းဂီ ကားမောင်းနေရင်းနဲ့ သီချင်းတအေးအေးဆိုကာ ဘေးကလိုက်လာတဲ့ ဟိုဆော့ကို လှည့်ပြောလိုက်မိလေတယ် ။
" ကိုယ်တိုင်ပြောလိုက်ပါလား...."
" အင်း ပြောမှာပါ... တော်ကြာ ကိုယ်မေ့သွားမှာစိုးလို့ ဟိုဆော့ကို ပြောပြထားတာ...."
" ပြီးရော...."
ထို့နောက်မှာတော့ ပြောစရာစကားက နှစ်ယောက်သားကြားမှာရှားပါးသွားရပြန်လေတယ် ။
ဖြစ်နိုင်ရင်တော့ ဟိုဆော့နဲ့အတူ တီတီတာတာပြောချင်မိပေမယ့် တကယ်တမ်းတော့ သူတို့နှစ်ယောက်ကြားမှာ ပြောစရာစကား အကြောင်းအရာက တကယ်ကိုပင် ရှားပါးလွန်းလှပေတယ် ။
ဒီလိုနဲ့ပဲ သူတို့ ပေါင်မုန့်ဆိုင်ကို ရောက်လာခဲ့ကြလေတယ် ။ ဆိုင်ထဲကိုဝင်လိုက်သည်နှင့် လတ်ဆတ်နေတဲ့ မုန့်နံ့သင်းသင်းလေးတွေက ဗိုက်ကိုဆာလောင်လာအောင် ပြုစားနိုင်လေတယ် ။
YOU ARE READING
Dear My Authornim