~ 15 ~

97 11 5
                                    

( Unicode )

ဒီနေ့တော့ ပစ်ထားတာကြာပြီဖြစ်တဲ့ ဆိုင်ဆီပြန်သွားရမှာဖြစ်တာကြောင့် ယွန်းဂီ အိပ်ရာကနေစောစောထကာ ပြင်ဆင်လိုက်လေတယ် ။ အရင်ရက်တွေက စာအုပ်ထုတ်ရန်ပြင်ဆင်နေရတာကြောင့် ဆိုင်ကို ဟိုဆော့နဲ့အပ်ထားခဲ့ခြင်းဖြစ်လေတယ် ။

ယွန်းဂီ ကားမောင်းပြီးခြံထဲကထွက်လာချိန်မှာတော့ ဟိုဆော့က ခြံပြင်မှာစောင့်နေတာကိုတွေ့လိုက်ရလေတယ် ။

" မင်းနဲ့အတူလိုက်မလို့ စောင့်နေတာ... အရင်ရက်တွေက စက်ဘီးနဲ့သွားရတာ ပင်ပန်းနေပြီမို့လို့...."

ဟိုဆော့က ကားပေါ်တက်လာပြီးနောက် ရယ်ကျဲကျဲနဲ့ပြောလာလေတယ် ။ ယွန်းဂီကတော့ ဟိုဆော့ကို တစ်ချက်သာကြည့်ပြီး ဘာမှပြန်မပြောပဲ ကားမောင်းထွက်ခဲ့လိုက်လေတယ် ။

" ငါ ဒီနေ့ ထမင်းစားချိန် မင်းရဲ့စာအုပ်သွားဝယ်မလို့သိလား... ပြီးရင် ငါ့ကိုလက်မှတ်ထိုးပေးဦးနော်...."

" ငါက အခု Suga မဟုတ်တော့ဘူးလေ...."

" ဘယ်တော့ဖြစ်ဖြစ် မင်းက Suga ပါပဲကွာ... မင်းရဲ့စာဖတ်ပရိတ်သတ်တွေကလည်းအဲ့လိုပဲတွေးထားမှာပဲ...."

ယွန်းဂီကိုကြည့်ကာ ပြုံးရင်းနဲ့ ဟိုဆော့ပြောနေပေမယ့် ယွန်းဂီ ဘာမှပြန်မပြောပဲ ကားကိုသာ ဂရုစိုက်မောင်းနေလေတယ် ။

" ငါ့ဆီမှာလေ မင်းလက်မှတ်မပါတဲ့ စာအုပ်တစ်အုပ်မှမရှိဘူးကွသိလား... မင်းစာအုပ်တွေကိုငါအရမ်းသဘောကျတာ... ဒါကတော့ ငါမပြောလည်း မင်းသိမှာပါလေ...."

ဟိုဆော့ တစ်ယောက်တည်း ရေပက်မဝင်အောင် စကားတွေပြောနေရင်းနဲ့ပဲ ဆိုင်က်ုရောက်လာခဲ့လေတယ် ။ သူတို့နှစ်ယောက် ထွက်လာတာ စောနေသေးတာကြောင့် ဘယ်သူမှမရောက်ကြသေးပေ ။ ဒါကြောင့် သူတို့နှစ်ယောက်တည်းပဲ ဆိုင်ဖွင့်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင်နေလိုက်ကြတယ် ။

သူတို့ပြင်ဆင်နေတုန်းမှာပဲ ကျန်တဲ့လူတွေရောက်လာပြီး ဝိုင်းကူတာကြောင့် ဆိုင်ဖွင်းရန်အဆင်သင့်ဖြစ်သွားတော့လေတယ် ။

" အကို ယွန်းဂီ တကယ်မထင်ထားဘူးဗျာ... အကိုက Suga ဖြစ်နေမယ်ဆိုတာ ဒီလောက်နှစ်တွေခင်လာတဲ့တစ်လျှောက် တစ်ချက်လေးတောင်မတွေးမိခဲ့ဘူး... အကိုအရမ်းလျှို့ဝှက်နိုင်တာပဲ...."

Dear My Authornim Where stories live. Discover now