~ 9 ~

92 21 1
                                    

( Unicode )

" ယွန်းဂီ ငါ တနင်္ဂနွေနေ့တိုင်းနားမယ်နော်...."

မနက်ဆိုင်ကို အတူတူလာရင်းနဲ့လမ်းမှာ ဟိုဆော့က ထိုသို့ပြောလာတာကြောင့် ယွန်းဂီ ကားမောင်းနေရင်းကနေ ဟိုဆော့ကို လှည့်ကြည့်မိလိုက်လေတယ် ။

" နားလေ ရပါတယ်... ဆိုင်မှာ အရမ်းပင်ပန်းလို့လား... ဒီနေ့ကစပြီး ကောင်တာပဲထိုင်လေ..."

" ဟင့်အင်း မပင်ပန်းပါဘူး.... အရင်တုန်းက နားချင်တဲ့ရက်နားတာလေ... အခုတော့ သတ်သတ်မှတ်မှတ်လေးလုပ်လိုက်ချင်လို့..."

" ကောင်းပါပြီဗျာ... မင်းသဘောပါပဲ..."

ယွန်းဂီရဲ့စကားကြောင့် ဟိုဆော့ကပြုံးသွားလေတယ် ။ ယွန်းဂီကတော့ ထိုအပြုံးလေးနဲ့တင် တစ်နေ့လုံး သာယာလှပသွားလိမ့်မယ်လို့ထင်မိလေတယ် ။

" ယွန်းဂီ..."

" ပြောလေ...."

" လူအရမ်းမများပဲ စားလို့ကောင်းတဲ့ ဆိုင်လေးတွေသိလား သိရင်ငါ့ကိုပြောပြဦး..."

" ကိုယ် နည်းနည်းပါးပါးတော့သိပါတယ်... လိပ်စာတွေပို့ပေးမယ်လေ... ဟိုဆော့က ဘာလုပ်မလို့လဲ...."

" ဒိီလိုပါပဲ သွားစားမလို့...."

မတင်မကျပြန်ဖြေတဲ့ ဟိုဆော့ရဲ့အဖြေကြောင့် ယွန်းဂီ စိတ်ထဲ တွေးပူမိရပြန်လေတယ် ။

" တစ်ယောက်တည်းလား...."

" မဟုတ်ပါဘူး မိတ်ဆွေတစ်ယောက်နဲ့...."

" ဟိုတစ်နေ့ကတွေ့တဲ့ တစ်ယောက်ပဲလား..."

" အင်း ဟုတ်တယ်...."

လိုင်းပေါ်ကနေခင်တဲ့ဆိုတဲ့တစ်ယောက်နဲ့ နောက်တစ်ကြိမ်‌ထပ်တွေ့ဖို့တောင်လုပ်နေတဲ့ ဟိုဆော့ကြောင့် သူတို့နှစ်ယောက်ကြားက ခင်မင်မှုဟာ ဘယ်လောက်များရှိနေမလဲလို့ ယွန်းဂီ တွေးမိလေတယ် ။

" သူနဲ့တော်တော်ခင်ပုံရတယ်နော်...."

" အင်း ဟုတ်တယ်... သူနဲ့ငါက အကြိုက်လည်းတူတယ်လေ... တော်တော်လည်းခင်ဖို့ကောင်းတယ်...."

" ကိုယ်ကရော ခင်ဖို့မကောင်းဘူးလား..."

ပြုံးပြုံးကြီးနဲ့အမွှမ်းတင်ကာ သူ့မိတ်ဆွေအကြောင်းပြော‌ပြနေတဲ့ ဟိုဆော့ကို ယွန်းဂီ မနာလိုစွာနဲ့ ထိုသို့မေးလိုက်မိလေတယ် ။

Dear My Authornim Where stories live. Discover now