( Unicode )
" အကိုနဲ့ အကိုယွန်းဂီ ရန်ဖြစ်ထားတာလားဟင်...."
ဝူယောင်းက ဟိုဆော့ အလုပ်လုပ်နေသည့်အနားကိုရောက်လာပြီး ခပ်တိုးတိုးလေးလာမေးတာကြောင့် ဟိုဆော့ ခပ်ဖျော့ဖျော့ပြုံးပြပြီး ခေါင်းခါလိုက်လေတယ် ။
" ရန်မဖြစ်ဘူးသာဆိုတယ် အကိုတို့နှစ်ယောက်စကားလည်းမပြောကြတာကြာနေပြီ.... အခုဆိုရင် လာတာရောပြန်တာပါ သက်သက်စီလေ...."
" ဒီလိုပါပဲကွာ... "
ဟိုဆော့က ထိုသို့သာ တိုတိုတုတ်တုတ်ပြောလိုက်တော့ ဝူယောင်းက ဘာမှထပ်မမေးတော့ပဲ အနားက ထွက်သွားလေတော့တယ် ။ ဝူယောင်း မေးလည်းမေးချင်စရာပေ သူတို့နှစ်ယောက် စကားမပြောကြတာ တစ်ပတ်လောက်ကြာနေပြီဖြစ်လေတယ် ။
တစ်ဆိုင်ထဲမှာ အတူရှိနေပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် မသိချင်ယောင်ဆောင်နေရတာ ခက်ခဲလွန်းလှပေတယ် ။ ယွန်းဂီက ဟိုဆော့ကိုတွေ့တိုင်း ရှောင်သွားတတ်တာကြောင့် ဟိုဆော့လည်း အတတ်နိုင်ဆုံး ယွန်းဂီနဲ့ဝေးအောင် သတိထားနေဖြစ်ခဲ့လေတယ် ။
အိမ်မှာလည်း ညစာလာမစားတော့တာကြောင့် အမေကျေနပ်အောင် အကြောင်းပြချက်တစ်ခုလိမ်ညာပြီးပေးထားလိုက်ရလေတယ် ။
ယွန်းဂီနဲ့တစ်ခါမှ ဒီလိုအခြေအနေမဖြစ်ဖူးတာကြောင့် ဟိုဆော့လည်း နေရခက်လေတယ် ။ သူ့ကိုတွေ့နေရရင် ယွန်းဂီ ပိုပင်ပန်းမလားလို့လည်းတွေးကာ ပူနေမိရလေတယ် ။
သူတို့နှစ်ယောက် အဆင်မပြေတော့ ကျန်တဲ့သူတွေကလည်း စကားတောင် ဟဟမပြောနိုင်ကြတော့ပေ ။ ဟိုဆော့နဲ့ယွန်းဂီရဲ့အရိပ်အခြည်ကိုသာကြည့်နေကြလေတယ် ။
တကယ်တော့ ဟိုဆော့လည်း ဒီအနေအထားကို စိတ်ပျက် မုန်းတီးနေပြီဖြစ်တယ် ။ ယွန်းဂီနဲ့ပြန်ပြေလည်ချင်ပေမယ့်လည်း သူနဲ့ဝေးဝေးမှာနေချင်တယ်ဟုဆိုတာကြောင့် ဟိုဆော့ အခက်တွေ့နေရတယ်လေ ။
" အကိုဟိုဆော့ နေ့လည်စာဘာစားမလဲ...."
" ယွန်းဂီကိုပဲ မေးလိုက်လေ သူကြိုက်တာမှာပါစေ...."
" အကိုယွန်းဂီက အကို့ကိုမေးခိုင်းလိုက်လို့....."
ဝူယောင်းရဲ့စကားအဆုံးမှာတော့ ဟိုဆော့ရဲ့အကြည့်တို့က ယွန်းဂီဆီရောက်သွားလေတယ် ။
YOU ARE READING
Dear My Authornim