( Unicode )
အလုပ်လုပ်မယ်ဆိုပြီး laptop ကိုဖွင့်ထားသော်လည်း ဘာမှမလုပ်နိုင်ပဲ စိတ်တွေက ဟိုဆော့ဆီသာရောက်နေလေတယ် ။
အခုဆိုရင် သူနဲ့ဟိုဆော့ စကားမပြောဖြစ်တာ ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ ။ သူ့ဘက်ကစကားပြောဖို့ကြိုးစားရင်တောင် ဟိုဆော့က ရှောင်ထွက်သွားတာလေ ။
သူကစိတ်ပူစွာနဲ့သတိပေးတဲ့စကားတွေကို ဘာကြောင့်များ အဆိုးမြင်နေရတာလဲ ။ သူရဲ့စေတနာကို ဟိုဆော့ဘာကြောင့် နားမလည်နိုင်ရတာလဲ ။ နေ့တိုင်းဟိုဆော့ကို ငေးကြည့်နေမိပြီး ယွန်းဂီရဲ့ရင်ထဲမှာ နာကျင်နေမိလေတယ် ။
တစ်နေ့ တစ်နေ့လည်း ဟိုဆော့ သူ့ရဲ့စေတနာကိုနားလည်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ ယွန်းဂီ စဉ်းစားနေမိလေတယ် ။ ဟိုဆော့နဲ့အခုလို စကားမပြောပဲနေနေရတဲ့ အခြေအနေကို ယွန်းဂီ မုန်းတီးနေပြီဖြစ်လေတယ် ။
သို့သော်လည်း ဟိုဆော့ဘက်က သူ့ကိုပြေလည်ဖို့အရိပ်အယောင်လေးသော်မှမမြင်ရတာကြောင့် ယွန်းဂီ ဘာဆက်လုပ်ရမလဲမသိဖြစ်နေရတယ်လေ ။
အခုဆိုရင် အလုပ်သွားအလုပ်ပြန်ကိုအရင်လို စက်ဘီးပဲစီးပြီး ယွန်းဂီရဲ့ကားကိုမစီးတော့ပေ ။ ဟိုဆော့ သူ့ကိုမမြင်ချင်အောင်များဖြစ်နေလားဆိုပြီး ဟိုဆော့တို့အိမ်မှာတောင် ညစာသွားမစားဖြစ်ခဲ့ပေ ။
ဟိုဆော့ရဲ့အမေကိုတော့ အခုတလော ကိုယ့်ဘာသာချက်စားဖြစ်နေလို့ပါဆိုပြီး ကြည့်ကောင်းတဲ့ဆင်ခြေတစ်ခုပေးထားရလေတယ် ။ သူနဲ့ပြသာနာဖြစ်ကြတာကိုသိရင် ဟိုဆော့ကို သူ့မိဘတွေဆူကြမှာကိုသိတာကြောင့် လူကြီးတွေသတိမထားမိအောင် ကြိုးစားနေနေရလေတယ် ။
ဖြစ်နိုင်ရင်တော့ သူတို့နှစ်ယောက်ရဲ့အခုလက်ရှိအခြေအနေကို အမြန်အဆုံးသတ်ချင်နေမိပြီဖြစ်လေတယ် ။
********
* ကောင်လေးရဲ့သူငယ်ချင်းနဲ့ပြန်အဆင်ပြေပြီလား....*
Suga ရဲ့ဖုန်းထဲကနေမေးလိုက်တဲ့ မေးခွန်းကြောင့် ဟိုဆော့ သက်ပြင်းကိုချလိုက်မိတယ် ။
* ဟင့်အင်း မပြေသေးပါဘူး အကိုရယ်....*
* ကောင်လေးကခွင့်မလွှတ်တာလား.... သူ့ဘက်ကကခွင့်မလွှတ်တာလား...."
YOU ARE READING
Dear My Authornim