~ 5 ~

135 21 13
                                    

( Unicode )

အိပ်ရာကနိုးနေတာကြာပြီဖြစ်သော်လည်း မထချင်သေးတာကြောင့် အပျင်းကြောဆန့်ကာ ဆက်လှဲနေမိတယ် ။ ဒီနေ့ ဆိုင်ပိတ်ရက်ဖြစ်တာကြောင့် အားရပါးရအိပ်လိုက်မယ်လို့ စိတ်ကူးထားပေမယ့်လည်း အကျင့်ဖြစ်နေပြီဖြစ်တဲ့ မျက်လုံးတို့က အချိန်တန်တာနှင့် နိုးလာ‌ခဲ့လေတယ် ။

ပြန်အိပ်စက်ဖို့ ကြိုးစားပေမယ့်လည်း အိပ်မပျော်တာကြောင့် အိပ်ရာထဲမှာသာ လူးလှိမ့်နေမိလေတယ် ။ နာရီကိုလှမ်းကြည့်တော့ ၈ နာရီကျော်နေပြီဖြစ်တာကြောင့် မထချင်သေးပေမယ့်လည်း ထလိုက်ရတော့လေတယ် ။

တစ်ရက်တလေလေးဆိုင်ပိတ်မိတော့လည်း ဘာလုပ်လို့လုပ်ရမှန်းမသိအောင် တိုင်ပတ်နေရလေတယ် ။ ပုံမှန်ဆို ဒီအချိန်ဆိုင်ကိုရောက်နေပြီလေ ဆိုင်ဖွင့် ကော်ဖီဖျော် ဆိုင်မှာပဲနေ့လည်စာစား ညမိုးချုပ်တော့မှပဲ အိမ်ပြန်ရောက်တာကြောင့် အခုလိုတစ်နေကုန်ဆိုင်ပိတ်လိုက်တော့ ဘာလုပ်ရမှန်းမသိဖြစ်နေလေတယ် ။

အရင်ရက်တွေက ဆိုင်က ဆက်တိုက်ရောင်းကောင်းနေပြီး တစ်ရက်မှမပိတ်ရသေးတာကြောင့် ဒီနေ့ ပိတ်လိုက်ခြင်းဖြစ်တယ် ။

အခုလောလောဆယ်တော့ အိပ်ရာကနိုးတာနှင့် ကော်ဖီတစ်ခွက်ဖျော်သောက်ပြီး ဧည့်ခန်းမှာထိုင်ကာ ဒီနေ့ကို ဘယ်လိုအချိန်ဖြုန်းရင်ကောင်းမလဲ စဉ်းစားနေမိလေတယ် ။

ထိုအခိုက် ဧည့်ခန်းရဲ့ စားပွဲပေါ်မှာ ထိုင်ထားတဲ့ မိသားစု ဓာတ်ပုံဆီအကြည့်ရောက်သွားတော့ အဖေနဲ့အမေကိုသတိရသွားမိတယ် ။ ဟိုဆော့ဆိုတဲ့ သံယောဇဉ်ကြိုးလေးကြောင့် မိဘတွေ
နောက်တောင်မလိုက်ပဲ နေခဲ့မိတဲ့သူဟာ သားဆိုးတစ်ယောက်များဖြစ်နေပြီလား ။

တကယ်ဆို သူဟာ မိဘတွေနောက်ကိုလိုက်သွားပြီး လုပ်ငန်းတွေကို ကူညီပေးရမှာမဟုတ်လား ။ အခုတော့ သူဟာ တာဝန်မကျေတဲ့သားတစ်ယောက်ဖြစ်နေမိပြီဖြစ်တယ် ။

သူ့ဘက်ကတာဝန်မကျေပေမယ့် မိဘတွေကတော့ သူ့ကို မုန့်ဖိုးပို့ပေးနေတုန်းဖြစ်လေတယ် ။ ကော်ဖီဆိုင်နဲ့ရပ်တည်နိုင်တယ် မလိုအပ်လို့မပို့ပါနဲ့ဆို‌တာတောင် ပြောမရပေ ။

Dear My Authornim Where stories live. Discover now