~ 21 ~

138 20 4
                                    

( Unicode )

" ဒီလိပ်စာသေချာတယ်နော် ဦးလေး..."

တစ်ခါမှမရောက်ဖူးတဲ့ နေရာဖြစ်တာကြောင့် ကားပေါ်က မဆင်းခင် ကားသမားကို သေချာမေးလိုက်မိလေတယ် ။

" သေချာတာပေါ့ ကောင်လေးရဲ့... ဒီနေရာက လူပြတ်တယ်နော် နည်းနည်းတော့သတိထား...."

" ဟုတ်ကဲ့ ဦးလေး..."

သူ့ကို စိတ်ပူစွာမှာနေတဲ့ ကားသမား ဦးလေးကြီးကို ကျသင့်ငွေရှင်းပေးပြီးနောက် ဟိုဆော့ ကားပေါ်ကဆင်းခဲ့လေတယ် ။

အခုအချိန်မှ အလင်းရောင်ပျောက်လို့ အမှောင်ဝင်ကာစ ရှိသေးသော်လည်း အခုသူရောက်နေတဲ့ နေရာဟာ သွားလာနေတဲ့ လူတွေနည်းပါးလွန်းတယ်လေ ။

အမှန်ပြောရရင်တော့ ဆိုးလ်မြို့မှာ အခုလိုချောင်ကျတဲ့နေရာရှိတယ်လို့ ဟိုဆော့ ထင်တောင် မထင်ခဲ့မိဘူးလေ ။ တိတ်ဆိတ်ခြောက်ကပ်ရုံမက ချောင်ကျ‌လွန်းတဲ့နေရာဖြစ်နေတာကြောင့် လာမိတာများမှားပြီလားဟု ဟိုဆော့ တွေးလိုက်မိလေတယ် ။

ဒါကြောင့် ချက်ချင်းပင်ပြန်လှည့်ရန်ပြင်လိုက်တော့ လူလိမ်ကောင်က လမ်းကြားတစ်ခုထဲက ထွက်လာတာကို ဟိုဆော့ တွေ့လိုက်မိလေတယ် ။

" ကောင်လေး ရောက်နေတာ ကြာပြီလား ဆောရီးကွာ ကိုယ်အလုပ်လေးရှိနေလို့...."

ဟိုဆော့ကို လိမ်ထားပြီးတော့ ဘာအပြစ်မှမရှိသလိုပင် အေးအေးဆေးဆေးနှုတ်ဆက်နေတဲ့ ထိုလူကို ဟိုဆော့ မုန်းတီးမိလေတယ် ။

" ဘယ်မှာလဲ ခင်ဗျားပြောတဲ့ သက်သေ ပေး...."

" စိတ်စောလှချည်လား ကောင်လေးရဲ့ အခုမှရောက်တာကို ခနနေပါဦး...."

" ခင်ဗျားလို လူလိမ်နားမှာ ကြာကြာနေချင်နေတယ်များထင်နေလား...."

" ကောင်လေးက ကိုယ့်ကိုလူလိမ်ကောင်ဆိုပြီး မုန်းတီးနေတာပေါ့လေ... ကောင်လေး သိပ်ကိုခင်ပြီး လေးစားပါတယ်ဆိုတဲ့ ယွန်းဂီက ကိုယ့်ထပ်ပိုဆိုးတဲ့လူတစ်ယောက်ဆိုတာ ကောင်လေး မသိသေးလို့ပါ...."

လှောင်ရယ်တဲ့အသံနဲ့ပြောနေသည့် ထိုလူအနားကနေပြေးထွက်ချင်စိတ်တောင် ဟိုဆော့ ဖြစ်လာမိလေတယ် ။ သို့ပေမယ့်လည်း ထိုလူပြောသည့် ယွန်းဂီရဲ့အကြောင်းတွေကို သိချင်မိလေတယ် ။

Dear My Authornim Where stories live. Discover now