~ 8 ~

119 18 26
                                    

( Unicode )



** ကိုယ်နဲ့အပြင်မှာတွေ့ကြမလား ကောင်လေး **

ဒါနဲ့ဆိုရင် ဒီစာကို ဟိုဆော့ဖတ်နေတာ ဘယ်နှစ်ခေါက်မြောက်မှန်းကိုမသိတော့ပေ ။ သူသဘောအကျရဆုံး စာရေးဆရာက သူနဲ့အပြင်မှာတွေ့ဖို့ စချိန်းတယ်တဲ့လေ ။ သေချာပါတယ် ဒီအချိန် တစ်လောကလုံးမှာ အပျော်ဆုံးလူသားက ဟိုဆော့ပဲဖြစ်နေမှာပါပဲ ။

ဒါပေမယ့် လောလောဆယ်တော့ လှုပ်ရှားနေတဲ့စိတ်တွေကြောင့် Suga ကို ဘာစာမှပြန်မပို့ဖြစ်သေးပေ ။ သို့သော်လည်း Suga ပို့ထားတဲ့စာကိုတော့ ဖတ်နေတာ ၁၀ ခေါက်လောက်ရှိနေပြီဆိုတာတော့ သေချာလေရဲ့ ။

** ဟုတ်ကဲ့ တွေ့ကြမယ်လေ အကို **

စိတ်လှုပ်ရှားတဲ့လက်အစုံနဲ့ ထိုစာကိုပို့လိုက်ပြီးနောက်မှာတော့ ဟိုဆော့ ခေါင်းအုံးပေါ်မျက်နှာအပ်ကာအော်လိုက်မိလေတယ် ။

ဒါတကယ် အစစ်အမှန်ရောဟုတ်ရဲ့လား ။ အိပ်မက်များဖြစ်နေမလားဆိုတဲ့ ဝေခွဲမရစိတ်နဲ့ ကိုယ့်လက်ကိုဆိတ်ကြည့်လိုက်တော့ နာကျင်သွားရတာကြောင့် ဒါဟာ အမှန်တကယ်ဖြစ်နေတယ်ဆိုတာ ယုံကြည်သွားရလေတယ် ။

** ဒါဆို ကိုယ်တို့ဘယ်နေ့တွေ့ကြမလဲ **

ဟိုဆော့ တစ်ယောက်တည်း အိပ်မက်လား တကယ်လားဗျာများနေတုန်းမှာပဲ Suga ဆီကပြန်စာရောက်လာလေတယ် ။

** မနက်ဖြန်တွေ့ကြမလား ကျွန်တော် အလုပ်ကခွင့်ယူလိုက်မယ် **

** အိုကေ ဒါဆို တွေ့ကြမယ့်နေရာနဲ့အချိန်ကို ကိုယ်ပို့လိုက်မယ်နော် **

** ဟုတ်ကဲ့ပါ အကို **

ဟိုဆော့ဟာ တကယ်ကိုပဲ ကံကောင်းသူဖြစ်တော့မယ်ထင်ပါရဲ့ ။ လူငယ်တွေရဲ့အသည်းစွဲ စာရေးဆရာ Suga နဲ့ခင်မင်ခွင့်ရတဲ့အပြင် အခုဆိုရင် အပြင်မှာတောင် အတူတွေ့ခွင့်ရတော့မယ်လေ ။

Suga ဟာ ဘယ်သူဆိုတာ သူ့ရဲ့စာဖတ်ပရိတ်သတ်တွေတစ်ယောက်မှာမသိကြသေးဘူးလေ ။ အခုတော့ ဟိုဆော့က အားလုံးထဲမှ ကံကောင်းစွာနဲ့တွေ့ခွင့်ရတော့မယ်ဆိုတော့ အပျော်တွေဟာ အတိုင်းထက်အလွန်ဖြစ်နေခဲ့လေတယ် ။

Dear My Authornim Where stories live. Discover now