~ 4 ~

157 21 12
                                    

( Unicode )





ဒီနေ့တော့ ယွန်းဂီရဲ့ကော်ဖီဆိုင်ကို ညနေပိုင်းမှသွားရန်စိတ်ကူးထားတာကြောင့် ဟိုဆော့ စာအုပ်စင်ရှင်းရန်စိတ်ကူးလိုက်လေတယ် ။ အမေ ဆူစရာမလိုပဲ ပြောစရာမလိုပဲ ကိုယ့်အသိတရားနဲ့ကိုယ် ရှင်းတာဆိုလို့ စာအုပ်စင်သာရှိလေတယ် ။

ဒါကြောင့် အိပ်ရာနိုးလို့ မနက်စာစားပြီးကတည်းက စာအုပ်စင်ရှင်းရန်ပြင်လိုက်လေတယ် ။ ပထမဆုံး စင်ပေါ်က စာအုပ်တွေကို တစ်အုပ်ချင်းစီသေချာကုတင်ပေါ်တင်လိုက်ပြီး စင်ကိုအဝတ်စုတ်ဖြင့် ဖုန်သုတ်လိုက်လေတယ် ။

ဖုန်တစ်စက်မှမရှိပဲ သန့်ရှင်းသွားတာသေချာပြီဆိုမှ စာအုပ်တွေကို သေချာ တစ်အုပ်ချင်းပြန်စီလိုက်လေတယ် ။ ဟိုဆော့က စာအုပ်တွေကို ဖုန်တက်မှာစိုးတာကြောင့် တစ်အုပ်ချင်းစီကို ပလတ်စတစ်အိတ်နဲ့ထည့်ထားတယ်လေ ။

စင်ရဲ့ပထမဆုံးအထပ်မှာ Suga ရဲ့စာအုပ်တွေကိုစီပြီး တခြားစာအုပ်တွေကိုတော့ အောက်အဆင့်မှာစီလိုက်လေတယ် ။ အကုန်လုံး သေချာပြန်စီပြီးတော့ ကိုယ်ရှင်းထားတာကို ကိုယ့်ဘာသာကြည့်ကာ သဘောကျပြီးကျေနပ်နေမိတယ် ။

တကယ်တော့ Suga ရဲ့စာအုပ်တွေမဖတ်ခင်‌ကတည်းက ဟိုဆော့က စာဖတ်ဝါသနာပါသူတစ်ယောက်ဖြစ်လေတယ် ။ အထူးသဖြင့် လူငယ်အချစ်ဇာတ်လမ်းလေးတွေကို သဘောကျပြီး အဖတ်များခဲ့လေတယ် ။

တစ်နေ့မှာတော့ သူတို့စာဖတ်သူတွေစုထားတဲ့ group ထဲမှာ တစ်ယောက်က Suga ရဲ့ဝတ္ထုကို share ထားတာကိုတွေ့၍ ဝင်ဖတ်မိရာကနေ Suga ကိုစွဲလမ်းသွားခဲ့ရလေတယ် ။

အခုဆိုရင် ဟိုဆော့က Suga ရဲ့စာဖတ်ပရိတ်သတ်ဖြစ်တာ ၅  နှစ်‌ကျော်
ရှိနေပြီဖြစ်သလို Suga ရဲ့ထွက်ပြီးသမျှ
စာအုပ် ၇ အုပ်လုံးကို ဝယ်ထားပြီးဖြစ်လေတယ် ။

Suga ရဲ့စာဖတ်ပရိတ်သတ်ဖြစ်သွားသော်လည်း အရင်သူသဘောကျခဲ့ရတဲ့ စာရေးဆရာတွေရဲ့စာအုပ်တွေကိုလည်း ဖတ်နေဆဲပင်ဖြစ်တယ် ။ သို့သော်လည်း သူ့စိတ်နဲ့အာရုံကိုအပြည့်အဝဖမ်းစားထားတာကတော့ Suga ပင်ဖြစ်လေတယ် ။

သိပ်မကြာခင်မှာပဲ Suga ရဲ့စာရေးဆရာသက်တမ်း ၆ နှစ်ပြည့်တော့မှာဖြစ်လေတယ် ။ ထိုနေ့ကျရင် Suga က လူရှေ့ထွက်လာရန် ဟိုဆော့ မျှော်လင့်မိလေတယ် ။ စာတွေစရေးချိန်ကစပြီး အခုအချိန်အထိ Suga က သူ့ရဲ့စာဖတ်ပရိတ်သတ်တွေရှေ့တစ်ခါမှထွက်မလာခဲ့ဖူးပေ ။

Dear My Authornim Where stories live. Discover now