( Unicode )
မနေ့က သောက်တာတွေများသွားတာကြောင့် ဟိုဆော့ နောက်ကျတော့မှ အိပ်ရာနိုးလာခဲ့လေတယ် ။ တစ်ခါမှမသောက်ဖူးပဲသောက်ခဲ့တာကြောင့် ခေါင်းတစ်ခုလုံး အုံခဲနာကျင်နေခဲ့လေတယ် ။
" ငမူးလေးနိုးလာပြီလား..."
မျက်နှာသစ် အဝတ်အစားလဲပြီး မနက်စာစားရန်အောက်ထပ်ဆင်းလာချိန်မှာပဲ အမေကခါးထောက်ရင်းထိုသို့ပြောလိုက်တာကြောင့် ဟိုဆော့ သွားအဖြဲသားလေးနှင့်ရယ်ပြလိုက်မိလေတယ် ။
" အလုပ်ကစီနီယာတွေကအတင်းတိုက်တော့လည်း ဘယ်ငြင်းလို့ကောင်းပါ့မလဲ အမေရဲ့...."
" တစ်ခါတလေဆိုတော့လည်းခွင့်လွှတ်ပေးလ်ုက်ပါမယ် နောက်တစ်ခါဆို အိမ်အပြင်မှာပဲအိပ်..."
" ဟုတ်ကဲ့ပါ အမေရဲ့..."
အမေက ဟိုဆော့ရဲ့ခေါင်းကိုမနာအောင်လက်သီးဆုပ်ဖြင့် အသာထုလိုက်ပြီးနောက် မနက်စာပြင်ပေးလေတယ် ။ အမေ့ရဲ့ အမူးပြေဟင်းချိုလေးစားပြီးသွားတော့မှပဲ ဟိုဆော့ စိတ်တွေလန်းဆန်းသွားရတော့တယ် ။
" မနက်စာစားပြီးရင် ယွန်းဂီကြိုက်တဲ့ အမဲသားမွှကြော်လုပ်ထားလို့ သွားပို့ပေးလိုက်ဦး..."
" သား ပြန်အိပ်မလို့ကို အမေသွားပို့ပေးလိုက်တာမဟုတ်တဘူး..."
" ခုနကသွားပို့တာ အိမ်တံခါးပိတ်ထားပြီး ဘာအသံမှလည်းမကြားဘူး ကြည့်ရတာအပြင်သွားတယ်နဲ့တူတယ်..."
" ဒါဆိုလည်းမပို့နဲ့ပေါ့အမေကလည်း..."
" သူ့ခမျာ ဖြစ်သလိုစားနေရတာကို ပြီးတော့ ငါကပေးဖို့သက်သက်ချက်ထားတာ သွားပို့လိုက် နင်က သူ့အိမ်လျှို့ဝှက်နံပါတ်သိနေတာပဲကို..."
ယွန်းဂီနဲ့မျက်နှာချင်းဆိုင်ရမှာ ဟိုဆော့ အဆင်မပြေသေးတာကြောင့် မသွားချင်ပေမယ့် အမေ့စကားအရဆိုရင် အိမ်မှာမရှိလောက်တာ သေချာနေတာကြောင့် မြန်မြန်ပို့ပြီးပြန်လာရန်စိတ်ကူးလိုက်လေတယ် ။
ဒါကြောင့် ထမင်းစားပြီးသည်နှင့်ချက်ချင်း အမေပေးသည့် ဟင်းဘူးကိုယူကာ ယွန်းဂီရဲ့အိမ်ဘက်ကိုထွက်လာခဲ့လေတယ် ။ ခြံထဲမှာ ကားရှိနေတာကြောင့် အိမ်များပြန်ရောက်နေပြီလားဆိုပြီး ဟိုဆော့ ခြေလှမ်းတွေတုန့်သွားရလေတယ် ။
YOU ARE READING
Dear My Authornim