( Unicode )
" အကိုအခုရေးနေတဲ့ဇာတ်လမ်းက ဇာတ်သိမ်းခါနီးပြီးနော်.... နောက်အသစ်ကိုရော ဘယ်လိုလေးရေးဖို့စိတ်ကူးထားလဲ...."
Suga နဲ့တွေ့ခွင့်ရတုန်းလေးမှာ ဟိုဆော့ သူ သိချင်တဲ့အကြောင်းအရာလေးတွေကိုအားတက်သရောမေးမိလေတယ် ။
" ကိုယ် အဲ့ဒီအကြောင်းတွေမပြောပါရစေနဲ့လား ဟိုဆော့ရယ်... ကိုယ်အရင်ကပြောခဲ့ဖူးသလိုပဲ ဟိုဆော့နဲ့တွေ့တဲ့အချိန်မှာ တခြားအကြောင်းလေးတွေပဲပေါ့ပေါ့ပါးပါးပြောချင်တယ်...."
" ဟုတ်သားပဲ ကျွန်တော်မေ့သွားတာ... တောင်းပန်ပါတယ်နော် အကို... "
" တောင်းပန်စရာမလိုပါဘူးကွာ...."
Suga က ဟိုဆော့ရဲ့ဆံပင်ကိုလက်နဲ့လှမ်းပွတ်ရင်းပြောတော့ ဟိုဆော့ ပြုံးလိုက်မိလေတယ် ။ တကယ်တော့ Suga နဲ့တွေ့တိုင်း ဝတ္ထုတွေအကြောင်းကို ဟိုဆော့ဆွေးနွေးချင်မိလေတယ် ။
ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်မှာလဲ ။ အရင်ရေးခဲ့တဲ့ဇာတ်လမ်းတွေကိုလည်း ဘယ်လိုအတွေးတွေနဲ့ဖန်တီးတာလဲ စသည်ဖြင့် မေးခွန်းတွေအများကြီး ဟိုဆော့မေးချင်မိလေတယ် ။
သို့သော် Suga ကမပြောချင်ဘူးဆိုတာကြောင့် ဟိုဆော့ နှုတ်ဆိတ်နေမိတယ်လေ ။ ဟုတ်တော့လည်း ဟုတ်ပေသည် တစ်ပတ်တစ်ပိုင်းတင်တဲ့ ဇာတ်လမ်းအတွက် အမြဲလို စဉ်းစားတွေးတောနေရမှာဆိုတော့ တစ်ခါတလေတော့ နားချင်မိမယ်ဆိုတာကို ဟိုဆော့ နားလည်မိလေတယ် ။
" ဟိုဆော့ About Time ဆိုတဲ့ ရုပ်ရှင်ကြည့်ဖူးလား...."
" ဟင့်အင်း မကြည့်ဖူးဘူးအကို...."
" အဲ့ဒီရုပ်ရှင်ထဲမှာ မင်းသားက အချိန်နောက်ပြန်သွားလို့ရတယ်လေ... သူအဆင်မပြေဖြစ်ခဲ့တဲ့အချိန်တွေ ပြန်ပြင်ချင်တဲ့အတိတ်တွေဆီကို သွားပြီး ပြောင်းလဲပစ်တာပေါ့...."
" ဟုတ်လား ဇာတ်လမ်းလေးကဆန်းတယ်နော် ကျွန်တော် အိမ်ပြန်ရောက်မှရှာကြည့်ဦးမယ်...."
ဟိုဆော့ သောက်လက်စ Lemon tea ကိုအပြီးသတ်သောက်လိုက်ရင်းနဲ့ Suga ကိုပြောလိုက်မိတယ် ။
" အင်း ဇာတ်လမ်းလေးကဆန်းတယ်.... ကိုယ့်မှာ အဲ့လိုအစွမ်းတွေရှိရင် ပြန်သွားချင်တဲ့အတိတ်တစ်ခုရှိတယ်... ဟိုဆော့မှာရော ပြန်သွားချင်တာ ဒါမှမဟုတ် ပြန်ပြင်ဆင်ချင်တာမျိုးရှိလား...."
YOU ARE READING
Dear My Authornim