Chapter-1(uni)

9.9K 183 0
                                    


ကျယ်ပြန့်လွန်းသောခြံကြီးထဲမှာမြက်ခင်းတုတွေကခြံအပြည့်နီးပါးခင်းထားပြီးသစ်ပင်ပန်းမန်တွေနဲ့အတော်လေးအေးချမ်းလွန်းလှ၏။
ပတ်ဝန်းကျင်ကကျေးငှက်သံတွေနဲ့သာယာနာပျော်ဖွယ်ရှိနေပြီးခမ်းနားလွန်းသောအိမ်ကြီးကလည်းမြင်သူတိုင်းသဘောကျရခြင်းကိုခံရပြန်သေးသည်။

''အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု''

''အားလုံး ကြားကြားသမျှ....''

''သောက်ကောင်မ!!!''

အမျှဝေနေတဲ့ဒေါ်ထားဧကရီမှာတူမဖြစ်သူအသံကြောင့်ဘုရားပင်ကောင်းကောင်းဝတ်မပြုနိုင်တော့ပေ။

''ငါ့အိမ်မှာကပ်နေနေပြီးလူပါးလာမဝနဲ့ကပ်ပါးမ နင်ရောနင့်အမေကိုရောငါ့အိမ်ပေါ်ကအချိန်မရွေးကန်ချပစ်လို့ရတယ် နားလည်လား!''

''ကြွေအဆင်း! နင်အခုရပ်စမ်း''

နောက်ပါးဆီမှအဖေဖြစ်သူအသံကြောင့်သူမကခက်ခက်ခိုင်ရဲ့ဆံပင်ကိုဆွဲထားရာမှနောက်ကိုလှည့်ကြည့်လိုက်လေ၏။

''ဖေဖေ အဟင့်''

ခက်ခက်ခိုင်ကကြွေ့ဆီမှလွတ်အောင်ရုန်းပြီးကြွေ့အဖေ ဦးအောင်မြင်ထူးဆီသို့ပြေးသွားပြီးအမူပိုကာငိုပြလေသည်။

''ဖေဖေ ညီမလေးကခက်ကိုအနိုင်ကျင့်တယ်''

စိတ်ထက်လက်ကမြန်တဲ့ကြွေကလည်းခြေထောက်မှာစီးထားတဲ့အိမ်နေရင်းစီးမွှေးပွဖိနပ်ပန်းရောင်လေးတစ်ဖက်ကိုချွတ်ကာခက်ခက်ခိုင်ကိုပစ်ပေါက်ဖို့ရွယ်လိုက်စဥ်သူမအဖေက

''ကြွေအဆင်း! နင်ဘာဖြစ်နေတာလဲ ဘာလို့အဲလောက်ရိုင်းနေတာလဲ''

''ရိုင်းတော့ဘာဖြစ်လဲ အဲ့သောက်ကောင်မလုပ်ပုံကဟုတ်လို့လား ကြွေ့ကိုမေမေပေးခဲ့တဲ့ဆွဲကြိုးကိုကြွေမသိအောင်ခိုးသွားပြီးဖျောက်ပစ်တယ် အဲဒါကိုသည်းခံနေရမှာလား!''

ဦးအောင်မြင်ထူးကခက်ခက်ခိုင်ကိုလှည့်ကြည့်ကာ

''ခက်ခက် နင်တစ်ကယ်ယူသွားတာလား'

''အဲဒါက...ဟိုလေဖေဖေ''

''ဟဲ့ကောင်မ ရဲရဲပြောလိုက် သောက်သူခိုးမ မအေရောသမီးရောသူများပစ္စည်းဆိုသိပ်လိုချင်တာ သူခိုးမ အောက်တန်းစားမ''

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now