ကျယ်ပြန့်လွန်းသောခြံကြီးထဲမှာမြက်ခင်းတုတွေကခြံအပြည့်နီးပါးခင်းထားပြီးသစ်ပင်ပန်းမန်တွေနဲ့အတော်လေးအေးချမ်းလွန်းလှ၏။
ပတ်ဝန်းကျင်ကကျေးငှက်သံတွေနဲ့သာယာနာပျော်ဖွယ်ရှိနေပြီးခမ်းနားလွန်းသောအိမ်ကြီးကလည်းမြင်သူတိုင်းသဘောကျရခြင်းကိုခံရပြန်သေးသည်။''အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု''
''အားလုံး ကြားကြားသမျှ....''
''သောက်ကောင်မ!!!''
အမျှဝေနေတဲ့ဒေါ်ထားဧကရီမှာတူမဖြစ်သူအသံကြောင့်ဘုရားပင်ကောင်းကောင်းဝတ်မပြုနိုင်တော့ပေ။
''ငါ့အိမ်မှာကပ်နေနေပြီးလူပါးလာမဝနဲ့ကပ်ပါးမ နင်ရောနင့်အမေကိုရောငါ့အိမ်ပေါ်ကအချိန်မရွေးကန်ချပစ်လို့ရတယ် နားလည်လား!''
''ကြွေအဆင်း! နင်အခုရပ်စမ်း''
နောက်ပါးဆီမှအဖေဖြစ်သူအသံကြောင့်သူမကခက်ခက်ခိုင်ရဲ့ဆံပင်ကိုဆွဲထားရာမှနောက်ကိုလှည့်ကြည့်လိုက်လေ၏။
''ဖေဖေ အဟင့်''
ခက်ခက်ခိုင်ကကြွေ့ဆီမှလွတ်အောင်ရုန်းပြီးကြွေ့အဖေ ဦးအောင်မြင်ထူးဆီသို့ပြေးသွားပြီးအမူပိုကာငိုပြလေသည်။
''ဖေဖေ ညီမလေးကခက်ကိုအနိုင်ကျင့်တယ်''
စိတ်ထက်လက်ကမြန်တဲ့ကြွေကလည်းခြေထောက်မှာစီးထားတဲ့အိမ်နေရင်းစီးမွှေးပွဖိနပ်ပန်းရောင်လေးတစ်ဖက်ကိုချွတ်ကာခက်ခက်ခိုင်ကိုပစ်ပေါက်ဖို့ရွယ်လိုက်စဉ်သူမအဖေက
''ကြွေအဆင်း! နင်ဘာဖြစ်နေတာလဲ ဘာလို့အဲလောက်ရိုင်းနေတာလဲ''
''ရိုင်းတော့ဘာဖြစ်လဲ အဲ့သောက်ကောင်မလုပ်ပုံကဟုတ်လို့လား ကြွေ့ကိုမေမေပေးခဲ့တဲ့ဆွဲကြိုးကိုကြွေမသိအောင်ခိုးသွားပြီးဖျောက်ပစ်တယ် အဲဒါကိုသည်းခံနေရမှာလား!''
ဦးအောင်မြင်ထူးကခက်ခက်ခိုင်ကိုလှည့်ကြည့်ကာ
''ခက်ခက် နင်တစ်ကယ်ယူသွားတာလား'
''အဲဒါက...ဟိုလေဖေဖေ''
''ဟဲ့ကောင်မ ရဲရဲပြောလိုက် သောက်သူခိုးမ မအေရောသမီးရောသူများပစ္စည်းဆိုသိပ်လိုချင်တာ သူခိုးမ အောက်တန်းစားမ''
YOU ARE READING
မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]
Lãng mạnမိထွေးနဲ့မိထွေးရဲ့သမီးဖြစ်သူခက်ခက်ခိုင်ကိုအနိုင်လိုချင်စိတ်နဲ့ပဲ ခက်ခက်ခိုင်နဲ့မကြာခင်လက်ထပ်တော့မယ့်သတို့သားလောင်းအားကူလီကူမာကျပြီးဖြတ်ခုတ်လိုက်တဲ့ငဆိုးမလေးကြွေအဆင်းနဲ့ သူမရဲ့အကြံအစည်ကိုသိသိကြီးနဲ့တမင်တကာသူမရဲ့အကွက်ထဲဝင်ပေးလိုက်တဲ့မင်းသခင်တို့ကြားကစ...