''တောက်! ကျေကိုမကျေနပ်ဘူး ခက်ကအလကားနေရင်းအဲ့ဟာမကိုတောင်းပန်လိုက်ရတယ်''ခက်ခက်ခိုင်ရဲ့မျက်နှာကပြိုတော့မယ့်မိုးလိုမဲမှောင်နေလေ၏။
''သမီးစိတ်ကိုအေးအေးထား အဲ့ဟာမလေးကဒေါသနဲ့ရှင်းလို့သူမဟုတ်ဘူး သေချာအကွက်ချပြီးစီစဥ်မှကိုရမှာ''
''မေမေကဘာလုပ်မလို့လဲ''
''ကြည့်နေလိုက် အဲ့ဟာမနဲ့မင်းသခင် ကွဲကိုကွဲစေရမယ်''
''ပြီးရင်ရော...''
''ပြီးရင်မင်းသခင်ကသမီးဆီပြန်ရောက်လာစေရမယ်''
''ခက်အကြာကြီးမစောင့်နိုင်ဘူးမေမေ လက်ညှိုးညွှန်ရာရေဖြစ်မယ့်ဘဝကိုရောက်ချင်ပြီ''
''စိတ်ချစမ်းပါ မင်းသခင်ကနဂိုကတည်းကသမီးအပိုင်လေ အဲတော့သမီးပဲပြန်ရစေရမယ်''
သားအမိနှစ်ယောက်လုံးရဲ့မျက်နှာမှာကောက်ကျစ်မှူတွေကပ်ညိလို့နေလေတော့သည်။
✨✨✨
''ဦးလေးကြီး ဦးလေးကြီး''
သခင်အိပ်ပျော်တုန်းသူ့လက်မောင်းကိုလှုပ်နှိုးခံလိုက်ရ၍သူအိပ်ပျော်နေရာမှဆတ်ခနဲနိုးလာရလေ၏။
''အင်း ပေါက်စ ဘာဖြစ်လို့လဲ''
''ကြွေရာသီလာနေပြီ အဲဒါဗိုက်အောင့်လို့''
သခင်အိပ်ရာမှထလိုက်ပြီး
''အရမ်းဆိုးတာလားပေါက်စ ကိုယ်ဘာလုပ်ပေးရမလဲ''
''အိမ်မှာတုန်းကတီလေးကအဲလိုရက်မျိုးဆိုရေနွေးအိတ်ကပ်ပေးပြီးချောကလက်ပူပူလေးဖျော်တိုက်တယ်''
''ဟုတ်လား ခဏလေးသည်းခံနော်ပေါက်စ ကိုယ်သွားစီစဥ်ပေးမယ် ရေနွေးအိတ်ကဘယ်မှာလဲ ပေါက်စထဲရှိလား''
''ဗီရိုထဲမှာ''
''အင်း ခဏလေးပဲစောင့်နော်''
သူပြောပြီးကုတင်ပေါ်ကဆင်းကာသူမဗီရိုထဲကရေနွေးအိတ်ကိုရှာယူပြီးအခန်းထဲမှထွက်လာခဲ့လိုက်၏။
ကြွေလည်းခေါင်းအုံးထက်အသာပြန်လှဲချလိုက်လေသည်။
မိန်းမဖြစ်ရတဲ့ဒုက္ခကလည်းတစ်ကယ်မသေးတာပဲ။
YOU ARE READING
မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]
Romanceမိထွေးနဲ့မိထွေးရဲ့သမီးဖြစ်သူခက်ခက်ခိုင်ကိုအနိုင်လိုချင်စိတ်နဲ့ပဲ ခက်ခက်ခိုင်နဲ့မကြာခင်လက်ထပ်တော့မယ့်သတို့သားလောင်းအားကူလီကူမာကျပြီးဖြတ်ခုတ်လိုက်တဲ့ငဆိုးမလေးကြွေအဆင်းနဲ့ သူမရဲ့အကြံအစည်ကိုသိသိကြီးနဲ့တမင်တကာသူမရဲ့အကွက်ထဲဝင်ပေးလိုက်တဲ့မင်းသခင်တို့ကြားကစ...