Chapter-2(uni)

6.9K 169 1
                                    


''အောင်မာ လူပါးဝလို့ ဒီဟန်းချိန်းကိုဘယ်လောက်ထင်နေလို့လဲ အစစ်ဟဲ့အစစ်''

''အဲလိုမရလို့ပါ''

''ဟား ပြဿနာပဲ နင်တို့မန်နေဂျာဘယ်မှာလဲ သွားခေါ်ခဲ့စမ်း''

ဆိုင်ထဲကလူတွေဝိုင်းကြည့်နေတာကိုကြွေကတစ်စက်မှရှက်ပုံမပေါ်။

မင်းသခင်ဆိုင်ထဲဝင်ဝင်ချင်းခါးနှစ်ဖက်ထောက်ပြီးစားပွဲထိုးအားရန်တွေ့နေသောမိန်းကလေးကြောင့်သူ့မျက်ခုံးတွေပင့်တက်သွားရလေ၏။

ထို့နောက်သူ့ကိုယ်သူပင်မသိလိုက်ဘဲထိုနေရာကိုရောက်သွားပြီးမှ

''မင်းကခက်ခက်ရဲ့ညီမမလား''

သူမကသူ့အားမျက်မှောင်ကျုံ့ကြီးနဲ့ကြည့်လာပြီး

''ဘာညီမလဲ! ဘာညီမမှမဟုတ်ဘူး ကြွေအဆင်းကတစ်ဦးတည်းသောသမီး ဘယ်အစ်မမှမရှိဘူး အဲ့ဟာမဆိုရင်ပိုရွံတယ် အစ်မလို့လာမပြောနဲ့!''

အသံစူးစူးနဲ့သူ့ကိုပါရန်တွေ့လာသောသူမကြောင့်သူ့မှာစကားတွေပါထစ်သွားရကာ

''အေး အေးပါကွာ မသိလို့ပါ ခုကဘာဖြစ်နေတာလဲ''

''ဘာဖြစ်ရမှာလဲ အိမ်ကထွက်လာတာပိုက်ဆံအိတ်ယူမလာမိဘူး မုန့်စားပြီးမှသိတာ အဲဒါဒီဟန်းချိန်းပေးခဲ့မယ်ဆိုတာကိုမရဘူးတဲ့ မှောင်ခိုစျေးနဲ့ရောင်းစားရင်တောင်ကြွေစားထားတာရဲ့ငါးဆလောက်ရမှာကို''

အကောင်သေးသလောက်ဒေါသကြီးပုံရသောသူမကရှူးရှူးရှားရှားနဲ့ရှင်းပြလာလေ၏။

''ကဲကဲ ထားတော့ ညီလေး သူစားထားတာဘယ်လောက်လဲ''

''35000ပါအစ်ကို''

သူပိုက်ဆံအိတ်ထဲကသူ့ဘဏ်ကဒ်ကိုထုတ်၍ထိုစားပွဲထိုးကောင်လေးအားပေးလိုက်၏။

''ကဒ်နဲ့ရှင်းမယ်''

''ဟုတ်ကဲ့ပါ''

ဝန်ထမ်းကောင်လေးထွက်သွားတာနဲ့ကြွေကသူမလက်ထဲကဟန်းချိန်းအားမင်းသခင်လက်ထဲထည့်ပေးပြီးဆိုင်ထဲကစူအောင့်အောင့်နဲ့ထွက်သွားလေတော့သည်။

''ဟာ ဟေ့ နေဦးလေ''

သူမကသူ့အားတစ်စက်မှလှည့်မကြည့်။

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now