Part.14(zawgyi)🚨

1.2K 11 0
                                    

''ဦး...ဦး မသွားပါနဲ့...ဦး''

''​ပေါက်စ...ပေါက်စ''

ကြွေမျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ဦးကသူမအားစိုးရိမ်းနေသောမျက်ဝန်းတွေနဲ့ငုံ့မိုးကြည့်လို့နေလေသည်။

ဦးကိုတွေ့သည်နှင့်ကြွေချက်ချင်းအိပ်ရာမှထကာဦးအားသိုင်းဖက်ပြီးငိုချပစ်လိုက်တော့၏။

''အီးဟီး ဟီး အဟင့် ဟင့် ဦး''

''ပေါက်စလေး ဘာဖြစ်လို့လဲ ကိုယ်ရင်ထိတ်လိုက်တာ ဘာဖြစ်တာလဲကလေး''

ကြွေကသူ့ဆီမှခွာပြီး

''ဦးကကြွေ့ကိုထားခဲ့တယ် ဟိုဆံရှည်မကိုပဲချစ်တယ်တဲ့ သူ့လက်ကိုဆွဲပြီးကြွေ့ကိုထားခဲ့တာ အီးဟီး''

သခင်ချက်ချင်းပဲသူမအားရင်ခွင်ထဲထွေးပွေ့ထားလိုက်သည်။

''မဟုတ်တာပေါက်စလေးရယ် ပေါက်စစိတ်စွဲပြီးမက်တာပါ ကိုယ်ကဘာလို့တစ်ခြားမိန်းမကိုချစ်ရမှာလဲ''

''အိပ်မက်ကနမိတ်ပေးတာဆိုရင်ရော ကြွေအရမ်းကြောက်တယ်ဦး''

''ပေါက်စလေး ကိုယ်ပြောတာသေချာနားထောင် ကိုယ့်ရင်ထဲမှာပေါက်စကိုပဲနေရာအပြည့်ပေးထားတာ နေရာလွတ်ဆိုလို့အပ်ပေါက်ရာလောက်တောင်မရှိဘူး သိရဲ့လား''

''ဟုတ်လို့လား နောက်မှအိပ်မက်ထဲကလိုလုပ်သွားမှာမဟုတ်ဘူးလား''

''​အဲဒါကပေါက်စလေးစိတ်စွဲပြီးလျှောက်မက်တာပါကွာ ကိုယ့်မှာအခုချိန်ထိပေါက်စတစ်ယောက်တည်းပဲရှိတယ် နောင်လည်းပေါက်စတစ်ယောက်တည်းပဲ ပေါက်စကလွဲရင်ဘယ်သူ့မှကိုမမြင်တာ''

''ဦး တစ်ခြားဘယ်မိန်းမ​နဲ့မှမပတ်သက်ပါနဲ့နော် ကုန်ကုန်ပြောရရင်ကြွေကလွဲပြီးဘယ်သူ့ကိုမှမိန်းမလို့မသတ်မှတ်နဲ့ ကြည့်လည်းမကြည့်နဲ့ ကြွေမကြိုက်ဘူးဦး''

''ဟုတ်ပါပြီပေါက်စရယ် ပေါက်စစကားကိုနားထောင်မယ်နော် ပြီးတော့ဘာမှစိတ်မချမဖြစ်နဲ့ ကိုယ်ပေါက်စကိုဝမ်းနည်းရအောင်ဘယ်တော့မှမလုပ်ဘူး''

''တစ်ကယ်နော်ဦး''

''တစ်ကယ်ပေါ့ ကဲပါ အခုမှလေးနာရီပဲရှိ​သေးတယ် ပြန်အိပ်ဦး လာ''

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now