Part.10(uni)

7.4K 150 0
                                    


နောက်နေ့မနက်မိုးလင်းတော့ပေါက်စကသူ့ဘေးမှာမရှိနေ။
သူ့စိတ်ထဲ ပေါက်စကအိပ်ရာအစောကြီးထသွားတယ်ထင်ခဲ့ပေမယ့်သူအောက်ထပ်​ရောက်တော့လည်းသူမကိုမတွေ့ရ။

''ရွက်ဝါ ပေါက်စရော''

''မနက်ငါးနာရီလောက်ကတည်းကအိမ်ကထွက်သွားတာအစ်ကိုကြီး''

''ဘာ! နင်အဲဒါကိုဘာလို့မတားတာလဲ ငါ့ကိုရောဘာလို့လာမပြောတာလဲ ကျစ်''

သူစိတ်ပျက်စွာကျစ်သပ်ရင်းထမင်းစားခန်းထဲကထွက်လာတော့အခန်းရှေ့မှာသူ့အမေနဲ့မျက်နှာချင်းဆိုင်လာတွေ့လေ၏။

''ကြွေအိမ်ကထွက်သွားလို့လားသား''

''ဟုတ်တယ်မေမေ''

''ညကသားတို့စကားများကြတာမေမေကြားတယ် မင်းတို့ကိစ္စမို့ဝင်မပါတာ ကြွေကကလေးပဲသားရယ် သည်းခံလိုက်ပါ''

''ကျွန်တော်သူ့ကိုအများကြီးသည်းခံပြီးအလိုလည်းလိုက်ပါတယ်မေမေ''

''ညကဘယ်ကိစ္စနဲ့စကားများကြတာလဲသား''

''ဟို ဒီလိုပါပဲ အခန့်မသင့်လို့ပါ''

သူဘာကြောင့်ဆိုတာမပြောချင်။အဲဒါကလည်းမေမေ ကြွေ့ကိုစိတ်ကွက်သွားပြီးအမြင်မကြည့်တာမလိုလားလို့ပါ။

''တစ်ကယ်တော့ကျွန်တော့်အမှားပါမေမေ''

''သားမပြောချင်လည်းထားပါတော့ သွား ကြွေ့ကိုဖုန်းခေါ် ဘယ်မှာရှိနေလဲသူ့အိမ်မှာလားဆိုတာစုံစမ်းပြီးလူကိုယ်တိုင်သွားချော့လိုက်''

''ဟုတ်မေမေ''

သူအိမ်ပေါ်သို့အမြန်တက်လာခဲ့လိုက်၏။

အခန်းထဲရောက်တော့သူ့ဖုန်းကိုယူ၍သူမထံဖုန်းခေါ်လိုက်ရာတစ်ဖက်ကချက်ချင်းပဲဖုန်းကိုင်လေသည်။

''ဟဲလိုပေါက်စ ဘယ်ကိုထွက်သွားလိုက်တာလဲပေါက်စရယ် ကိုယ်အရမ်းစိတ်ပူနေတာ ပေါက်စအခုဘယ်မှာလဲ''

''ဟို''

တစ်ဖက်ကအသံကြောင့်သခင်နှုတ်ဆိတ်သွားပြီမှ

''ဘယ်သူလဲဗျ''

''ကြွေ့သူငယ်ချင်းပါဦးလေး အဲ အန်ကယ် မဟုတ်သေးပါဘူး''

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now