Final(uni)

8.7K 170 9
                                    


သိပ်မကြာလိုက်ပါ။ယုတစ်ယောက်ဇွဲရဲ့ကားတင်ပြေးခြင်းကိုခံခဲ့ရလေသည်။

ဇွဲ့ရဲ့မိဘတွေကအတော်လေးချမ်းသာကာငွေဂုဏ်မောက်ပြီးကြီးကျယ်လွန်းတာကြောင့်ယုကိုပြန်လာအပ်တဲ့နေ့ကနှစ်ဖက်လူကြီးတွေစကားများကြသေးသည်။
ကြည့်ရတာဇွဲရဲ့မိဘတွေကယုအားသဘောကျပုံမရ။

စိတ်ရင်းအတိုင်းတူသောအကျိုးပေးတာပဲနေမယ်။

''ပေါက်စလေး ဘာတွေတွေးနေတာလဲ''

ဝရန်တာမှာရပ်နေသောသူမနားသို့ဦးကရောက်လာပြီးသူမအားနောက်ကနေသိုင်းဖက်ကာမေးလာ၏။

''ဘာမှမဟုတ်ပါဘူး နေ့လည်ကအစ်မယုသူ့အမေဆီလာတာတွေ့တယ် မျက်နှာလည်းသိပ်မကောင်းဘူး ကြည့်ရတာအိမ်ထောင်ရေးအဆင်မပြေဘူးထင်တယ်''

''သူတို့ကမချစ်ဘဲယူတာကိုး''

''ဟင် အာ့ဆိုဦးနဲ့ကြွေလည်းမချစ်ဘဲယူတာပဲလေ''

သခင်သူမကိုယ်လေးအားဆွဲလှည့်ပြီးသူနဲ့မျက်နှာချင်းဆိုင်စေကာ

''မတူ​ဘူးလေပေါက်စရဲ့ ကိုယ်ကပေါက်စကိုစတွေ့ကတည်းကသတိထားမိခဲ့တာ ပြောရရင်အဲ့ကတည်းကချစ်မိသွားလားတောင်မပြောတတ်ဘူး''

''ပြောတော့မယ်''

''တစ်ကယ်ပါ ပေကပ်ကပ်နဲ့ဂျစ်ကန်ကန်ရုပ်လေးကိုခုထိမျက်လုံးထဲကမထွက်ဘူး''

''တစ်ကယ်''

''တစ်ကယ်ပြောတာပေါ့ပေါက်စရဲ့ ကိုယ်ကပေါက်စကိုဘယ်လောက်တောင်ချစ်လိုက်ရလဲ''

''ကြွေလည်းဦးကိုအရမ်းချစ်တာပါနော်''

ကြွေပြောပြီးခြေဖျားထောက်ကာဦးရဲ့မေးဖျားအားမော့နမ်းလိုက်၏။
ဦးကလည်းသူမနှုတ်ခမ်းလေးအားပြန်နမ်းလာလေသည်။

''ကဲ သူများအကြောင်းစိတ်ဝင်စားမနေဘဲကိုယ့်ကျန်းမာရေးကိုပဲဂရုစိုက် လာ အပြင်မှာလေစိမ်းတွေတိုက်တယ် နေမကောင်းဖြစ်မယ်''

''အင်း''

ကလေးမွေးခါနီးနေသည့်တိုင် သူမ​ဗိုက်ကအခုထိသေးသေးလေးပါပဲ။
လူကြီးတွေကတော့အပျို​ဗိုက်မို့လို့​ဗိုက်သိပ်မထွက်တာတဲ့။

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now