Part.15(uni)

6.6K 124 0
                                    


ဦးကသူမကိုနမ်းနေရာမှခွာလိုက်ပြီးသူမနဖူးလေးကိုထပ်နမ်းလာလေ၏။

ပြီးတော့သူမရှေ့မှာကျောပေးထိုင်ချကာ

''လာပေါက်စ ကျောပေါ်တက် ကိုယ်ကျောပိုးသွားပေးမယ်''

''ကြွေကိုယ့်ဘာသာလမ်းပဲလျှောက်ပါမယ်''

''လာပါဆိုပေါက်စရယ် ပေါက်စကဖိနပ်မှမပါတာ''

''ဦးလည်းဖိနပ်မပါဘူးလေ''

''ကိုယ်ကယောကျ်ား ဘာမှမဖြစ်ဘူး လာတက်''

ကြွေလည်းဦးရဲ့ကျောပေါ်တက်လိုက်ပြီးဦးရဲ့လည်ပင်းတွေအားသိုင်းဖက်လိုက်၏။

''ဦး ဦးဖေဖေကကြွေ့ကိုအမြင်စောင်းသွားပုံပဲ ကြွေကြောက်တယ် ကြွေအိမ်မပြန်ရဲဘူး''

''ပေါက်စဘက်မှာကိုယ်ရှိတယ် ကိုယ်အပြည့်အဝကာကွယ်ပေးပါမယ်''

ကြွေ ဦးအားပိုတိုးကာဖက်လိုက်၏။
ကြွေ့ဘက်မှာဦးရှိနေလို့တော်ပါသေးရဲ့။

ကြွေတို့အိမ်ပြန်ရောက်တော့ဦးလေးရောအန်တီရောမရှိကြတော့ပေ။
ကြည့်ရတာအိပ်ကုန်ကြတာလားသူမတို့နဲ့မျက်နှာချင်းမဆိုင်ချင်လို့ရှောင်နေတာလားမသိ။

ဦးကသူမအားအခန်းထဲထိကျောပိုးခေါ်လာပြီးကုတင်မှာထိုင်စေကာ

''ခဏစောင့်ဦးနော် ကိုယ်ခြေထောက်ကိုရေဆေးပေးမယ်''

ပြောပြီးသူမရှေ့ကထွက်သွားဖို့ပြင်နေတဲ့ဦးအား ကြွေခါးကိုနောက်ကနေသိုင်းဖက်ကာ

''ဦး ကျေးဇူးတင်ပါတယ်နော် ​ဦးတုန်းကတော့ကြွေကတစ်ချိန်လုံးပြဿနာရှာဂျစ်တိုက် လူတကာနဲ့စွပ်စွဲပြီးရန်ရှာခဲ့ပေမယ့် အခုကြွေ့အလှည့်ကျတော့ဦးကကြွေ့ကိုယုံကြည်ပေးခဲ့တယ်''

သခင်သူမနဲ့မျက်နှာချင်းဆိုင်ရပ်လိုက်ပြီးသူမမျက်နှာလေးအားငုံ့မိုးကြည့်ကာ

''ကိုယ်ကချစ်တာကိုး ကိုယ်ချစ်တဲ့သူကိုဘယ်လိုအ​ခြေအနေမျိုးမှာဖြစ်ဖြစ်အဆုံးရှုံးမခံနိုင်ဘူး''

ပြောပြီးသခင်သူမအားဖက်ထားလိုက်လေ၏။

ထိုညကနှစ်ယောက်လုံးစိုးရိမ်စိတ်တွေပူပင်ကြောင့်ကြစိတ်တွေနဲ့ပဲအိပ်ရာဝင်ခဲ့ကြလေသည်။

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now