Part.7(uni)

5.2K 137 1
                                    


''မိ​ကြွေတို့များ ယောကျ်ားရသွားတာနဲ့တစ်ယောက်တည်းရှိတဲ့သူငယ်ချင်းကိုပလစ်ထားတယ် တော်တော်ချစ်ဖို့ကောင်းတယ်''

သက်နှင်းဆီကသူမဆီအလည်ရောက်လာပြီးလူကိုတွေ့တာနဲ့ခနဲ့တော့သည်။

''မဟုတ်ပါဘူးဟယ် နင်ကလည်း ထားပါ ငါ့သူငယ်ချင်းလေးဘာစားမလဲ''

''ငါတို့အပြင်မှာသွားစားကြမလား ငါဆိုင်ကောင်းကောင်းလေးတစ်ဆိုင်တွေ့ထားတယ် ပိုင်ရှင်ကလည်းအရမ်းချောတာဟ''

''မိန်းမ နင်ကအဲ့လူမျက်နှာနဲ့အဲ့ဆိုင်ကိုသွားမှာပေါ့လေ''

''အေး ဟုတ်တယ် နင်လိုက်မှာလား''

''လိုက်မယ် ငါအင်္ကျီသွားလဲလိုက်ဦးမယ် ခဏစောင့်''

ပြောပြီးတာနဲ့ကြွေလည်းအိမ်ပေါ်သို့ပြေးတက်လာခဲ့လိုက်၏။

ခဏကြာတော့သူမကပန်းရောင်ဂျင်းစကပ်တိုလေးနဲ့အဖြူရောင်ရှပ်အင်္ကျီလေးကိုတွဲဖက်ဝတ်ဆင်ကာအိမ်ပေါ်မှဆင်းလာခဲ့လိုက်သည်။

''သွားမယ်''

ကြွေနဲ့သက်နှင်းဆီတို့လက်ချင်းတွဲပြီးအိမ်ထဲမှထွက်ခဲ့လိုက်ကြ၏။

သက်နှင်းဆီကကိတ်နဲ့အအေး ကော်ဖီတို့တွဲဖက်ရောင်းသောဆိုင်လေးဆီသို့သူမအားခေါ်လာလေသည်။
ဆိုင်လေးရဲ့အပြင်အဆင်ကတော့နူးနူးညံ့ညံ့လေးနဲ့ချစ်စရာကောင်းလှတယ်ပြောရမည်။

''ဆိုင်လေးကမဆိုးဘူးပဲ''

''ပိုင်ရှင်လေးကပိုသာတယ် လာ''

သူမတို့ဆိုင်ထဲဝင်ခဲ့လိုက်ပြီးစားပွဲတစ်ဝိုင်းမှာဝင်ထိုင်လိုက်တုန်း

''ဟော ဒါဘယ်သူပါလိမ့်''

အသံလာရာကိုမော့ကြည့်မိတော့...

''ခက်ခက်ခိုင်''

''မုန့်လာစားတာလားညီမလေး''

''ငါနင့်ညီမမဟုတ်ဘူး''

''ဪ အာ့ဆိုလင်ခိုးမလား''

ကြွေစိတ်တိုစွာမတ်တပ်ရပ်လိုက်ပြီးမှ

''နင့်လူကိုကငါမှငါဖြစ်နေတာကိုး ငါငိုပြလိုက်တာနဲ့သူကပြာလို့ ငါကခိုးတာမဟုတ်ဘဲနင့်လူကိုကဖြစ်နေတာ နားလည်လား''

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now