နောက်ရက်မှာပဲယုတစ်ယောက် သခင်တို့အိမ်သို့ရောက်လာ၏။
ကြွေ့ရဲ့ကိစ္စကသူမတမင်အကွက်ကျကျစီစဥ်ထားကြောင်းကိုလာပြီးဝန်ခံတာပါ။သူမစကားဆုံးသည်နှင့်ဒေါ်ဒေဝီမိုးက
''မင်းတော်တော်ယုတ်မာတာပဲယုနဒီဦး မင်းကြောင့်ငါတို့မိသားစုမှဘာတွေဖြစ်ခဲ့လဲသိလား''
''ယုတောင်းပန်ပါတယ်အန်တီရယ်''
''ဘာမှအပိုတွေလာပြောမနေနဲ့ မင်းကိုရိုးရိုးသားသားလေးမှတ်တာ လက်စသတ်တော့မင်းကမျက်နှာဖုံးနဲ့မိန်းမပဲ လူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရဘူးဆိုတာတစ်ကယ်မှန်တာပဲ''
ယုမှပြောစရာစကားပင်မရှိတော့ပေ။
ဒေါ်ဒေဝီမိုးကဆက်ပြီး
''မင်းငါ့ချွေးမကိုခုထိမတောင်းပန်သေးဘူးနော်''
ယုရဲ့အကြည့်ကသခင်နဲ့အတူယှဥ်တွဲထိုင်နေသောကြွေ့ထံသို့ရောက်လာလေ၏။
''တို့တောင်းပန်ပါတယ်ကြွေ''
''ရှင့်ကြောင့်ဦးနဲ့ကျွန်မစကားများခဲ့ကြရင်တော့ရှင်တောင်းပန်တာကိုလက်ခံချင်မှလက်ခံလိမ့်မယ် အခုကဦးနဲ့ကျွန်မကပိုပြီးချစ်လာတာမို့ရှင်တောင်းပန်တာကိုလက်ခံတယ် ပြီးတော့ပြန်ပြီးကျေးဇူးတင်တယ် အခုကျွန်မနဲ့ဦးကအရင်ကထက်ပိုပြီးချစ်လာကြလို့''
ကြွေ သူမအားတစ်ကယ်ပဲကျေးဇူးတင်တာပါ။
ခုလိုပြဿနာတွေတက်သွားမှပဲတစ်ယောက်ရင်ထဲမှာရှိနေတာကိုတစ်ယောက်ကသိခွင့်ရခဲ့တာလေ။ယုပြန်သွားသည်နှင့်ဒေါ်ဒေဝီမိုးကဦးနေသခင်အား
''ဒီမှာ ရှင်လည်းကြွေ့ကိုပြန်တောင်းပန်လေ အမှားအမှန်သေချာမသိဘဲဇွတ်တွေစွပ်စွဲထားတာ အခုပြန်တောင်းပန်''
ဟုပြောတော့ဦးနေသခင်ကမျက်စိပျက်မျက်နှာပျက်နှင့်
''တောင်းပန်ပါတယ် အန်ကယ်လွန်သွားတယ်''
''ရပါတယ် ကြွေစိတ်ထဲမထားပါဘူး ကြွေကဦးသာယုံနေရင်ရပြီ ဟီးး''
သူမစကားကြားတော့အကုန်လုံးကပြုံးစေ့စေ့တွေနှင့်။
''အခုအားလုံးရှင်းသွားပြီဆိုတော့မေမေလည်းတော်တော်ကိုစိတ်ချမ်းသာသွားပြီ ပြီးတော့အခုပြဿနာအပြီးမှာ လူတိုင်းကိုလျှော့မတွက်သင့်ဘူးဆိုတာပါသိလိုက်ရတယ်''
YOU ARE READING
မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]
Romanceမိထွေးနဲ့မိထွေးရဲ့သမီးဖြစ်သူခက်ခက်ခိုင်ကိုအနိုင်လိုချင်စိတ်နဲ့ပဲ ခက်ခက်ခိုင်နဲ့မကြာခင်လက်ထပ်တော့မယ့်သတို့သားလောင်းအားကူလီကူမာကျပြီးဖြတ်ခုတ်လိုက်တဲ့ငဆိုးမလေးကြွေအဆင်းနဲ့ သူမရဲ့အကြံအစည်ကိုသိသိကြီးနဲ့တမင်တကာသူမရဲ့အကွက်ထဲဝင်ပေးလိုက်တဲ့မင်းသခင်တို့ကြားကစ...