နောက်နေ့မနက်ရောက်တော့ ညကသူ့ကိုမထိနဲ့ဆိုပြီးပြောထားတဲ့သူမကပဲအခုသူ့အားခြေထောက်နဲ့ခွထားပြီးလက်ကလည်းသူ့ခါးကိုဖက်ထားသေးသည်။သခင်,ကြွေ့မျက်နှာထက်ဝဲကျနေသောဆံနွယ်တွေအားသပ်တင်ပေးလိုက်တော့မျက်နှာဝိုင်းလေးကထင်ထင်ရှားရှားပေါ်လာလေ၏။
အရမ်းချစ်စရာကောင်းရက်နိုင်ပါသောဒီပေါက်စကသူ့ဇနီးဆိုတဲ့အဖြစ်ကိုသူဖြင့်ယုံတောင်မယုံနိုင်သေး။
သခင်သူမဖူးလေးအားခပ်ဖွဖွနမ်းလိုက်ပြီးသူမကိုယ်လေးအားသူ့ရင်ခွင်ထဲထွေးပွေ့ထားလိုက်သည်။
တစ်အောင့်နေတော့သူမကမျက်လုံးလေးကိုခပ်ဖြည်းဖြည်းဖွင့်လာပြီးမှသူ့ကိုမော့ကြည့်လာကာသူမကိုဖက်ထားတဲ့သူ့လက်တွေဆီမှအတင်းရုန်း၍
''ဦးလေးကြီး ကြွေ့ကိုဘာလို့ဖက်ထားတာလဲ လွှတ်''
''ငြိမ်ငြိမ်နေကွာ ကိုယ့်ယောက်ျားဖက်တာကိုဘာလို့ငြင်းနေတာလဲ''
''မသိဘူး ခုလွှတ်နော်''
သခင်လွှတ်ပေးလိုက်တာနဲ့ကြွေကအိပ်ရာမှထပြီးသူနဲ့ခပ်ခွာခွာထိုင်ကာ
''ညကဘာပြောထားလဲ ကြွေ့ကိုလာမထိနဲ့လို့ပြောထားတယ်လေ''
သခင်ကပြီတီတီရုပ်နဲ့သူမဘေးကပ်လိုက်ပြီး
''မင်းလိုကလေးတစ်ယောက်စကားကိုဘာလို့နားထောင်ရမှာလဲ''
သူ့အားမျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေသောသူမအားသခင်စချင်လာ၍ရုပ်ကိုခပ်တည်တည်လုပ်ကာ
''မင်းကအိပ်ပျော်နေရင်ဘာမှမသိဘူးပဲပေါက်စ''
''ဦးလေးကြီးဘာကိုပြောတာလဲ''
''မင်းကြောင့်ကိုယ်ညကတော်တော်ပျော်ခဲ့ရပါတယ် မင်းကအိပ်နေလို့ဖီးလ်နည်းနည်းကျဲသွားတာကလွဲလို့ပေါ့''
''ဟင်...ဦး ဦးလေးကြီး မဟုတ်မှ''
''အင်း ကိုယ်တို့ညကလင်မယားအရာမြောက်သွားပြီလေ''
သူ့စကားအဆုံးမှာသူမကချက်ချင်းပဲမျက်ရည်တွေဝေ့တက်လာပြီးဟီးခနဲငိုချတော့သည်။
YOU ARE READING
မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]
Romanceမိထွေးနဲ့မိထွေးရဲ့သမီးဖြစ်သူခက်ခက်ခိုင်ကိုအနိုင်လိုချင်စိတ်နဲ့ပဲ ခက်ခက်ခိုင်နဲ့မကြာခင်လက်ထပ်တော့မယ့်သတို့သားလောင်းအားကူလီကူမာကျပြီးဖြတ်ခုတ်လိုက်တဲ့ငဆိုးမလေးကြွေအဆင်းနဲ့ သူမရဲ့အကြံအစည်ကိုသိသိကြီးနဲ့တမင်တကာသူမရဲ့အကွက်ထဲဝင်ပေးလိုက်တဲ့မင်းသခင်တို့ကြားကစ...