''အန်တီ...အန်တီ''အိမ်ရှေ့ဆီမှအသံကြောင့် ကြွေလက်ထဲကဖုန်းကိုချကာဧည့်ခန်းထဲကထလာထွက်လာခဲ့လိုက်လေ၏။
''အန်တီ''
ကြွေထွက်ကြည့်လိုက်တော့ယုဆိုတဲ့ဆံရှည်မဖြစ်နေ၍မျက်နှာကိုချက်ချင်းတည်ပြီးလက်နှစ်ဖက်ကိုပိုက်ကာ
''ဘာကိစ္စလဲ အန်တီပြန်မလာသေးဘူး''
''ဪ ဟုတ်လား ဒီနေ့နောက်ကျတာထင်တယ် ဒီမှာလေ အစ်မတို့အိမ်မှာသီးစုံချဉ်ရည်ဟင်းချက်လို့လာပို့ပေးတာ အန်တီနဲ့ကိုမင်းကသီးစုံချဉ်ရည်ဟင်းအရမ်းကြိုက်လို့လေ''
ကြွေ သူမလက်ထဲကနှစ်ဆင့်ချိုင့်လေးကိုဆွဲယူ၍
''ဒီမှာပဲရပ်စောင့်နေလိုက်နော် ချိုင့်လှယ်ပေးလိုက်မယ်''
ပြောပြီးကြွေကယုရှေ့ကနေထွက်သွားလေ၏။
ယုလည်းအိမ်ထဲဝင်ထိုင်ရမလိုနေရာမှာပဲရပ်နေရမလိုနဲ့ ဗျာများရင်းကျန်ခဲ့ရလေသည်။ထိုစဉ်သခင်ကအိမ်ပြန်ရောက်လာ၍ယုကမျက်နှာထက်မှာအပြုံးပန်းဆင်ကာဖြင့်သခင့်အားရပ်ကြည့်နေလိုက်လေ၏။
သခင်ကားပေါ်ကဆင်းသည်နှင့်ယုအား
''ယု ဒီမှာဘာရပ်လုပ်နေတာလဲ''
''အိမ်မှာသီးစုံချဉ်ရည်ဟင်းချက်လို့လာပို့ပေးတာ ကြွေကဒီမှာပဲရပ်စောင့်ဆိုလို့''
''အာ ဒီကလေးကတော့ လာလာယု အိမ်ထဲဝင်ထိုင်''
''ဟုတ်ကိုမင်း''
ယုလည်းချိုမြနေသောအပြုံးမျက်နှာဖြင့်သခင်နဲ့အတူဧည့်ခန်းထဲဝင်လာခဲ့လိုက်သည်။
''ကြွေ့ကိုစိတ်ထဲမထားနဲ့နော် သူကကလေးပဲရှိသေးတာမို့''
''ရပါတယ် ယုစိတ်ထဲဘယ်လိုမှသဘောမထားပါဘူး''
ထိုအခိုက်ကြွေကချိုင့်လေးဆွဲပြီးဧည့်ခန်းဘေးကဖြတ်လျှောက်သွားပြီးမှနောက်ကိုပြန်လှည့်လာကာဧည့်ခန်းထဲသို့ဘောက်ဆတ်ဘောက်ဆတ်ဝင်ခဲ့၍
''ပြန်လို့ရပြီ''
ဟုဆိုကာလက်ထဲကချိုင့်အားယုရှေ့ချပေးပြီးသူမကတော့ဦးလေးကြီးဘေးမှဝင်ထိုင်လိုက်လေသည်။
YOU ARE READING
မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]
Romanceမိထွေးနဲ့မိထွေးရဲ့သမီးဖြစ်သူခက်ခက်ခိုင်ကိုအနိုင်လိုချင်စိတ်နဲ့ပဲ ခက်ခက်ခိုင်နဲ့မကြာခင်လက်ထပ်တော့မယ့်သတို့သားလောင်းအားကူလီကူမာကျပြီးဖြတ်ခုတ်လိုက်တဲ့ငဆိုးမလေးကြွေအဆင်းနဲ့ သူမရဲ့အကြံအစည်ကိုသိသိကြီးနဲ့တမင်တကာသူမရဲ့အကွက်ထဲဝင်ပေးလိုက်တဲ့မင်းသခင်တို့ကြားကစ...