Chapter-4(uni)

7K 179 7
                                    


သခင် ကုတင်ပေါ်မှာကျုံ့ကျုံ့လေးထိုင်နေသောသူမကိုစိုက်ကြည့်ကာ

''ကဲပြော ဘာရည်ရွယ်ချက်နဲ့ခုလိုလုပ်တာလဲ''

ဦးလေးကြီးကသူမနဲ့နှစ်ယောက်တည်းပြောစရာရှိတယ်ဆို၍လူကြီးတွေအကုန်လုံးကိုအခန်းပြင်ထွက်ခိုင်းလိုက်တာကြောင့်ကြွေ့မှာလန့်နေတုန်းဦးလေးကြီးရဲ့အမေးကြောင့်လူကပိုပြီးလိပ်ပြာမလုံဖြစ်သွားရသည်။

''ဘာ ဘာကိုလဲ''

''အူတူတူပုံစံလုပ်မနေနဲ့ကလေးမ မင်းငါသောက်မယ့်ရှန်ပိန်ထဲကိုအိပ်ဆေးထည့်လိုက်တာငါမသိဘူးများမှတ်နေလား''

''ဟင်...ဒါဆို''

''အဲ့ရှန်ပိန်ကိုငါမသောက်ခဲ့ဘူး ခွက်လဲလိုက်တာ''

''ဟာ ဒါဆိုဦးလေးကြီးကသိသိကြီးနဲ့တမင်ငြိမ်နေတာပေါ့''

''အင်း ကဲပြော မင်းကဘာကိစ္စနဲ့များငါနဲ့ခက်ခက်မင်္ဂလာဆောင်ခါနီးကျမှခုလိုကလိမ်ကကျစ်လုပ်ရတာလဲ''

''ဖြစ်ပျက်မနေစမ်းပါနဲ့ဦးလေးကြီးရယ် အဲ့ဟာမကရွဲနေပြီ ကြွေကမှသူ့ထက်စာရင်အများကြီးပိုနုပျိုပြီးပိုလှတယ် ဦးလေးကြီးပိုပြီးတောင်ကျေနပ်ဂုဏ်ယူရဦးမှာ''

''ကြွေ မင်းစကားကိုအဲလိုမပြောနဲ့ မင်းအခုမှကလေးပဲရှိသေးတယ် ပြီးတော့မင်းကြောင့်လဲငါ့သိက္ခာကျဆင်းတယ် မင်းအပြစ်ကိုငါ့အပြစ်ဖြစ်အောင်လုပ်လိုက်ရတာငါဘယ်လောက်မျက်နှာပူတယ်မှတ်လဲ''

''ဒီမှာဦးလေးကြီး ဒါဦးလေးကြီးအမှားပါနော် ဦးလေးကြီးကသိသိကြီးနဲ့တမင်ငြိမ်နေလို့သာကြွေ့အကြံကအောင်သွားတာလေ ခုလိုမဖြစ်ချင်ရင်ဦးလေးကြီးအစကတည်းကခုလိုငြိမ်မနေနဲ့ပေါ့''

သူမစကားကလည်းမှန်နေသည်မို့သူဘာဆက်ပြောရမှန်းမသိ။
သူကိုကဒီကလေးရဲ့အကြံကိုသိချင်လို့တမင်ရေလိုက်ငါးလိုက်နေခဲ့မိတာ။

''နေပါဦး မင်းခုနကအကြံလို့ပြောလိုက်တာလား မင်းမဟုတ်မှလွဲရော ငါနဲ့ခက်ခက်ရဲ့မင်္ဂလာပွဲကိုပျက်စေချင်လို့ခုလိုလုပ်တာလား''

''ဒါပေါ့''

''ဟာ''

''ဦးလေးကြီးဘာသိလို့လဲ ကြွေအဲ့မိန်းမနှစ်​ယောက်ကိုအရမ်းမုန်းတာ သူတို့ကိုနိုင်ချင်တယ် သူတို့ကိုအနိုင်ရမှဖြစ်မယ် အဲ့အတွက်ဘာမှမဆိုင်တဲ့ဦးလေးကြီးကိုခုတုံးလုပ်မိလို့တောင်းပန်ပါတယ်''

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now