Part.6(uni)

2.5K 85 4
                                    


ကြွေ ပန်းရောင်ကာတွန်းရုပ်ညအိပ်ဝတ်စုံဝမ်းဆက်နဲ့ဦးလေးကြီးကိုကြည့်ပြီးလက်မလေးထောင်ကာ

''အရမ်းလှတယ်ဦးလေးကြီး''

သခင်ကိုယ့်ကိုယ်ကိုငုံ့ကြ​ည့်ပြီးမှ

''ပေါက်စ ဒါကတော့နည်းနည်း...''

''လှတယ်ဦးလေးကြီးရဲ့''

''ဒါပေမယ့်ပန်းရောင်ကြီးလေ''

''ဦးလေးကြီးပဲခုနကပန်းရောင်ကြိုက်တယ်ဆို''

သခင်လည်ဂုတ်ကိုပွတ်ရင်းကုတင်မှာဝင်ထိုင်လိုက်၏။

''မျက်နှာကြီးကလည်းမှုန်ကုပ်လို့ ချစ်စရာကောင်းပါတယ်ဆို ဒီမှာကြည့် ကြွေတောင်ချစ်စရာလေးကို ဦးလေးကြီးကကြွေ့ကိုငြိုငြင်နေတာလားပြော''

သူဒီကလေးကိုတစ်ကယ်မနိုင်တော့ဘူး။သူလက်မြှောက်အရှုံးပေးလိုက်ပြီ။

''မငြိုငြင်ရပါဘူး အခုစိတ်ချမ်းသာတယ်မလား အဲဒါဆိုပြီးရော''

''အင်း ဟီးးး''

ရုပ်လေးကိုကပိတ်ရို.က်ချင်စရာ။

ကြွေကစပ်ဖြီးဖြီးနဲ့ခေါင်းအုံးထက်လှဲအိပ်လိုက်လေ၏။
သခင်ခေါင်းရင်းကအရုပ်တွေကိုလှည့်ကြည့်ကာ

''ပေါက်စ အရုပ်တွေကအရမ်းမများလွန်းဘူးလား''

''မများပါဘူး''

ထပ်ပြောရင်လည်းသူမကစိတ်ကောက်ဦးမည်မို့သူဘာမှပြောမနေတော့ဘဲအိပ်ရာထက်လှဲအိပ်ကာမျက်လုံးတွေကိုမှိတ်ချလိုက်လေသည်။

''ဦးလေးကြီး အိပ်တော့မှာလား''

''အင်း''

သူမျက်လုံးဖွင့်မကြည့်ပေမယ့်သူမကသူ့ကိုကြည့်နေတယ်ဆိုတာစိတ်ကအလိုလိုသိနေတာကြောင့်

''အိပ်တော့ပေါက်စ ကြည့်မနေနဲ့''

''ဦးလေးကြီး''

''ဟင်''

''မျက်လုံးဖွင့်''

''ကိုယ်အိပ်ချင်နေပြီပေါက်စရဲ့''

​ကြွေကချက်ချင်းပဲအိပ်ရာမှထပြီးသူ့လက်မောင်းကိုလှုပ်ရမ်းကာ

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now