Chapter-3(uni)

2.3K 82 2
                                    


လူကုံထံအသိုင်းအဝိုင်းရဲ့မွေးနေ့ပါတီလို့မပြောရ။
ခမ်းနားလိုက်သည်မှာလွန်ပါရော။
ကြွေကြားထားတဲ့အတိုင်းပဲဦးမင်းသခင်တို့အိမ်ကြီးကတော်တော်လေးကိုထည်ဝါလွန်းလှ၏။
သူမတို့ထက်တောင်ပိုက်ဆံရှိကြဦးမည်ထင်သည်။

ကြွေကားပေါ်ကဆင်းလိုက်သည်နှင့်ဘေးဘီကိုဝေ့ဝဲကြည့်ကာဦးလေးကြီးအားအရင်ရှာမိ၏။

''ဘယ်မှာတုန်းဟ''

သူမလည်ပင်းလေးရှည်ကာဟိုဟိုဒီဒီရှာရင်းပွဲထဲဝင်လာ​တော့သူမရှေ့ကရှန်ပိန်ခွက်တွေသယ်လာတဲ့ဝိတ်တာကိုလည်းမမြင်မိဘဲတိုက်မိမလိုဖြစ်သွားတုန်းတစ်စုံတစ်ယောက်ကသူမလက်မောင်းလေးအားလှမ်းဆွဲလိုက်လေ​၏။

ကြွေအလန့်တကြားမော့ကြည့်လိုက်တော့ဦးလေးကြီးကသူ့ရင်ခွင်ထဲသွားကပ်နေတဲ့သူမအားငုံ့မိုးကြည့်နေလေသည်။

''ဘယ်လိုဖြစ်နေတာလဲ ပြာယာခတ်နေတာပဲ''

ကြွေကနှုတ်ခမ်းကိုစူချိတ်၍သူ့အနားကခွာလိုက်ပြီးမှ

''ဦးလေးကြီးကိုရှာနေတာလေ''

''မင်းဟန်းချိန်းပြန်မရမှာစိုးနေတာလား''

''ဟုတ်တယ် ဘာဖြစ်လဲ''

''မင်းတစ်​ယောက်တည်းလားချာတိတ်''

''အင်း အိမ်ကဒရိုင်ဘာနဲ့လာတာ ဖေဖေကတော့ဟိုစုန်းမသားအမိနဲ့လာလိမ့်မယ် တီလေးကတော့ဒီလိုပွဲတွေမကြိုက်တတ်လို့လာမှာမဟုတ်ဘူး''

''ဟုတ်ပါပြီ ကဲလာ မင်းကိုထိုင်စရာပေးမယ်''

''ok''

ကြွေလည်းသူ့နောက်ကနေထပ်ကြပ်မကွာလိုက်သွားလိုက်၏။

''ဒီမှာခဏထိုင်ဦးနော်ချာတိတ်''

''ချာတိတ် ချာတိတ်နဲ့မခေါ်ပါနဲ့ ကြွေလို့ပဲခေါ်''

''ဟုတ်ပါပြီ ခဏလေးနော် ကိုယ်ပြီးရင်ပြန်လာမယ်''

''အင်း''

မင်းသခင်ထွက်သွားတာနဲ့ကြွေကသူမနားကဖြတ်သွားတဲ့ဝိတ်တာကောင်လေးကိုလှမ်းခေါ်ပြီးသူ့ထဲကရှန်ပိန်တစ်ခွက်အားလှမ်းတောင်းလိုက်သည်။
ပြီးတာနဲ့ပိုက်ဆံအိတ်လေးထဲကဆေးပုလင်းလေးကိုထုတ်ပြီးဘေးဘီကိုအကဲခတ်ကာရှန်ပိန်ခွက်ထဲခပ်မြန်မြန်ပဲထည့်လိုက်လေ၏။

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now