Part.12(uni)

2.3K 55 0
                                    

''ရွက်ဝါ ပေါက်စရော''

သူအိမ်ပြန်ရောက်ရောက်ချင်းတံမြက်စည်းလှည်းနေတဲ့ရွက်ဝါအားမေးလိုက်၏။

''သူဈေးဆိုင်သွားတယ် မုန့်သွားဝယ်ဦးမယ်တဲ့ သွားတာနည်းနည်းတောင်ကြာနေပြီ''

''ဒီကလေးလေးကတော့ ဒီအချိန်ထိစားလို့သောက်လို့မပြီးဘူး''

သူနှုတ်ကရေရွတ်ရင်းအိမ်ပေါ်တက်မလို့လုပ်တုန်း

''ဦးလေးကြီး''

အသံကြားရာလှည့်ကြည့်လိုက်တော့​ပေါက်စကယောကျ်ားလေးတစ်ယောက်နဲ့အတူအိမ်ထဲသို့ဝင်လာလေ၏။

ပေါက်စခြေထောက်မှာပတ်တီးကြီးနဲ့ဖြစ်နေပြီးဟိုကောင်ကလည်းသူမပုခုံးအားပိုင်စိုးပိုင်နင်းဖက်ထားသေးသည်။

သူချက်ချင်းပဲပေါက်စအားသူ့ဘက်ဆွဲခေါ်ပြီး

''ပေါက်စလေး ဘာဖြစ်လာတာလဲ''

ကြွေငိုမဲ့မဲ့နဲ့ဦးလေးကြီးရင်ခွင်ထဲတိုးဝင်ကာ သူမကိုတွဲခေါ်လာပေးသူအားလက်ညှိုးထိုး၍

''သူလေ ကြွေ့ကိုကားနဲ့တိုက်တယ် အဟင့်''

''ဟင်!''

သခင်ထိုလူ့အားရန်လိုတဲ့အကြည့်နဲ့ကြည့်လိုက်တော့သူက

''မဟုတ်ဘူးနော် အဲလိုမဟုတ်ပါဘူး ကျွန်တော့်ကားနဲ့သူ့ကိုမတိုက်မိပါဘူးဗျာ''

သခင်သူမပုခုံးလေးကိုဆုပ်ကိုင်ကာ

''ပေါက်စ ဘာတွေဖြစ်လာတာလဲ ကိုယ့်ကိုသေချာပြော ကိုယ်ရင်တွေအရမ်းပူနေပြီပေါက်စရဲ့''

''ကြွေကမုန့်စားချင်လို့မုန့်သွားဝယ်တာ အဲဒါလမ်းအကွေ့ရောက်တော့သူ့ကားနဲ့တိုက်မိမလိုဖြစ်သွားတာ အဲဒါလန့်ပြီးလဲကျရင်းခြေခေါက်သွားလို့သူကဆေးခန်းပါလိုက်ပို့ပေးနေတာ''

''တစ်ခြားကြီးကြီးမားမားရောဘာဖြစ်သွားသေးလဲ''

''ဟင့်အင်း''

ထိုအခါမှသခင်ကသူမလေးအားအသာအယာပြန်ဖက်ပြီး

''တော်ပါသေးရဲ့ပေါက်စလေးရယ် ကိုယ်ကပေါက်စတစ်ခုခုဖြစ်မှာစိုးရိမ်နေတာ''

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now