Part.13(uni)

6.9K 144 0
                                    

ဒီနေ့ယုကသူတို့ကိုထမင်းစားဖိတ်ထား၍ငြင်းလို့လည်းမကောင်းတာကြောင့်သူတို့မိသားစု ယုတို့ဆီ​သို့ရောက်လာခဲ့၏။

''လာပါအန်တီတို့ ထိုင်ပါ''

ယုကသူတို့အားထမင်းစားပွဲဆီသို့ခေါ်လာလေသည်။

''သက်သာရဲ့လားသီသီ''

''သက်သာပါတယ်မဒေဝီရယ် ဒါပေမယ့်အရှင်းကြီးတော့မဟုတ်သေးဘူးပေါ့ ထိုင်ကြပါ''

ယုရဲ့အမေကကြွေ့အား

''မင်္ဂလာပွဲတုန်းကတွေ့ပြီးအခုနောက်ပိုင်းသိပ်မတွေ့ဖြစ်ဘူးနော်သမီး''

''ဟုတ်အန်တီ''

''အဲတုန်းကသိပ်သတိမထားမိဘူး အခုသေချာကြည့်မှသမီးကတော်တော်ငယ်သေးတာပဲ''

''ဟုတ်တယ်အန်တီ ကြွေကအခုမှ18ကျော်ကျော်ပဲရှိသေးတာ ကလေးလေးလေ ဦးရဲ့ကလေးလေး အဟီး နော်ဦးနော်''

သူမကသူ့လက်မောင်းကိုခိုတွဲရမ်းခါရင်းပြောလာလေ၏။
သခင်ကလူကြီးတွေရှေ့မို့မျက်နှာပူစွာနဲ့ပဲ

''အင်း''

တစ်လုံးသာပြောပြီးခေါင်းညိတ်ပြလိုက်သည်။
ဒီကလေးကတော့ပညာတွေထုတ်သုံးနေပြီ။

''ကဲပါ သမီး မဒေဝီတို့ကိုထမင်းထည့်ပေးလိုက်ပါဦး''

''ဟုတ်မေမေ''

ကြွေကယုအားသေချာကြည့်ကာ

''ဦး ကြွေ့ကိုငါးရိုးနွှင်ပေးနော်''

''ဟုတ်ပါပြီ နွှင်ပေးမယ်နော်''

''ဦးကအရမ်းချစ်ဖို့ကောင်းတာပဲ ဒါပေမယ့်လူတိုင်းအပေါ်မကြင်နာနဲ့နော် တစ်ချို့ကကိုယ့်စေတနာကိုတလွဲအထအနကောက်ပြီးအတွေးတွေစည်းကျော်တတ်ကြလွန်းလို့ မသိရင်သူတို့ကိုပဲကြိုက်နေသလိုလိုနဲ့''

သူမစကားကိုနားလည်သူကသခင်နဲ့ယုသာရှိသည်။

''ဒါပေမယ့်တော်ပါသေးရဲ့ ဦးမှကြွေမှကြွေပဲဖြစ်နေလို့ ဦးနော် တစ်ခြားမိန်းမတွေနဲ့မရောနဲ့သိလား ခုခေတ်ကစိတ်ရင်းအမှန်ကမျက်နှာမှာမပေါ်ကြဘူး''

ယုအမေက

''​အဲဒါတော့ဟုတ်တယ် အန်တီ့အမျိုးသားကလည်းအန်တီနဲ့ရင်းနှီးပါပေ့ဆိုတဲ့မိန်းမနဲ့ဖောက်ပြန်သွားတာ''

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Where stories live. Discover now