အမြင်အာရုံအတွင်းပေါ်လာသည့် တံခါးတစ်ချပ်ကိုတွေဝေစွာရပ်ကြည့်နေမိသည်။ဘေးပတ်ဝန်းကျင်အားလုံးမြူများနှင့်အုံ့မှိုင်းနေကာ ထိုတံခါးမှလွဲ၍ အရာအားလုံးဟာမှောင်ပိန်းလျက်။ခြေထောက်များဟာတံခါးဆီသို့ဦးတည်လျှောက်သွားလိုက်၍ ခပ်သာသာလေး ဖွင့်လိုက်သည့်အခါအမှောင်ထဲတွင် နောက်ကျောပေးရပ်နေသည့်အမျိုးသမီးတစ်ဦး။ အဖြူရောင်ရင်ဖုံးထမီဝမ်းဆက်လေးနှင့်အတူ ပေါင်လယ်သို့မရောက်တရောက်ဆံနွယ်ရှည်တွေ ၊ အနောက်ကကြည့်ရုံနှင့်သိပ်လှမှန်းသိသာလွန်းသည့်သူမျိုး။
သူမမျက်နှာဟာတဖြည်းဖြည်းလှည့်လာခဲ့ပြီးနောက် ဒေးအား လှပသောအပြုံးများပန်ဆက်လျက်နွေးထွေးစွာကြိုဆိုနေသည့်ဟန်။
''မာမီ...''
ဟုတ်ပါသည်...သူမဟာ ဒေးရဲ့ရင်ထဲ အလှပဆုံး ၊ သိမ်မွေ့နူးညံ့ဆုံးသောအမျိုးသမီး ဟုခံယူထားသည့် ဒေးရဲ့မိခင်ဖြစ်သူ။ဝမ်းသာအားရနှင့် အနားသွားရန်ခြေတလှမ်းတိုးလိုက်တိုင်း ဒေးနှင့်ပိုဝေးသွားသည့်သူမကြောင့်ဒေးခြေလှမ်းများဟာအရှေ့သို့မရေတွက်နိုင်အောင်တိုးလာမိသည်။
''မာမီ''
အပြုံးတွေကနေ နှုတ်ခမ်းများဟာတုန်ယင်လာသည့်သူမဟာ မျက်ရည်များအဆက်မပြတ်စီးဆင်းလာသည်မလို့ ဒေးစိုးရိမ်စိတ်ကြီးလွန်းစွာနှင့် သူမအနားသို့ရောက်အောင်ပြေးနေသော်လည်းဒီအရာဟာအချည်းသာ။ မမောမပန်းနိုင်ပြေးလွှားလိုက်နေရင်း ခြေလှမ်းရပ်တန့်သွားသည့်အခါ သူမလက်သီးဆုပ်လေးတစ်ဖက်မှ အဖြူရောင်ဆေးလုံးလေးများကျလာ၏။
''မာမီမလုပ်ပါနဲ့''
အမြင်အာရုံအတွင်းမှတဖြည်းဖြည်းဝေးသတဲ့ဝေးကွာသွားသည့်သူမအနောက် အရှိန်အဟုန်နှင့်ပြေးလိုက်ပါသော်လည်းမရတော့ သူမရဲ့အရိပ်အဖြူလေးဟာ ဟိုးအဝေးတစ်နေရာကိုလွင့်စင်သွားသလို ပျောက်သွားတော့သည်။
''မာမီ'!!!!"
အသံကုန်ဟစ်အော်လိုက်ပြီးနောက် လေးလေးပင်ပင်ဖြစ်နေသည့်မျက်လုံးများဟာ ဖြည်းညှင်းစွာပွင့်လာ၏။အသက်ရှုသံများမြန်ဆန်လွန်းလျက် ကြောက်ရွံထိတ်လန့်နေပါသော်လည်းမျက်နှာကြပ် မှ မီးဆိုင်းတို့ကိုမြင်သည့်အခါမှ အိမ်မက်ဆိုးထပ်မက်နေသည်ကိုသိလိုက်ပြီဖြစ်သည်။
YOU ARE READING
Day ဒေး (Completed)
RomanceThink about whether you should read this first because you can have a rude expression. Wana Day × Sam Thet Ta Kyaw စိတ်ကူးယဥ်ဖန်တီးထားသည့်ဇာတ်အိမ်နှင့်ဇာတ်ကောင်များသည် အပြင်လောကနှင့်သက်ဆိုင်မှုမရှိကြောင်း ကြိုတင်သတိပေးသည်။