''ခဗျားက ဘာလဲ''
ရှိုက်ထားသည့် Cigarette အငွေ့တို့ကိုမှုတ်ထုတ်လိုက်ပြီးနောက် မျက်ခုံးများစုကျုံ့ကာမေးလာသောအခါတွင် နှုတ်ခမ်းတဖက်ကွေးညွှတ်ရုံပြုံးမိသွားသည်။အနီးကပ်ကြည့်သည့်အခါမှပို၍ထူးဆန်းသည့်မျက်လုံးသဏ္ဍာန်တို့မှာ ညို့ဓာတ်ပြင်းရှလွန်းပြီးCigarette ကိုလက်ချောင်းတွေကြားညှပ်ထားသည့်ပုံကအစ ကြည့်ကောင်းလွန်းနေ၏။
''ကိုယ်က...''
''ကျစ်! ကျုပ်မေးတာဘာလို့ဒီနေရာကိုလာတာလဲ ဒီနေရာက ကျုပ်တစ်ယောက်တည်းနေတဲ့နေရာ''
ထိုသို့ပြောလိုက်သည့်အခါ သဘောကျမိ၍ ခပ်ဟဟရယ်လိုက်သည်။
''ကပ်စေးနည်းလိုက်တာ''
တစ်မြို့လုံးကိုခြုံငုံမြင်နေရသောမြင်ကွင်းဘက်သို့မျက်နှာမူ၍လက်ပိုက်ကာကြည့်ရင်းပြောလိုက်တော့ ဒေးက ထိုင်ရာမှထလာပြီးသတ္တအနားလျှောက်လာ၏။
''ဘာ!''
''ဒီလောက်ကောင်းတဲ့နေရာလေးကိုတစ်ယောက်ထဲအပိုင်စားလိုချင်တာတော့ မတရားရာကျတာပေါ့ ညီ''
''ဟေး ခဗျားအခုဘယ်သူ့ကိုစကားပြောနေတယ်ထင်သလဲ''
လေသံခပ်မာမာနှင့်တည်တင်းနေသော မျက်နှာပိုင်ရှင်ဘက်သို့လှည့်ကာ အနားသို့တလှမ်းချင်းစီတိုးသွားလိုက်သည်။ ထို့နောက် ဒေးရဲ့အရှေ့တွင် လက်ကိုပိုက်ထားလျက် မျက်နှာချင်းဆိုင်ရပ်နေလိုက်၏။
''ဒေး...ဝဏ္ဏဒေး''
Cigarette ကို နောက်တကြိမ်ဖွာရှိုက်ရင်း သတ္တရဲ့ မျက်နှာရှေ့သို့အခိုးအငွေ့များကိုမှုတ်ထုတ်လိုက်ကာ မျက်ခုံးတဖက်ပင့်လာပြီးနောက်။
''ကျုပ်ဘယ်လိုကောင်လဲခဗျားမသိသေးခင် စကားပြောဆင်ခြင်လိုက်တာကောင်းမယ်''
ထင်ထားသည်ထပ်ပို၍ ဂျစ်ကန်သည့်အခါ ထပ်သဘောကျမိပြန်သည်။အယောက်၁၀၀၀တွင် ၁ယောက်လောက်မရှိသည့် Typeမျိုးဖြစ်သည့်အတွက် Dayအား စိတ်ဝင်စားပြီးရင်းစိတ်ဝင်စားမိလာ၏။အနည်းငယ်ဖရိုဖရဲဖြစ်ကာရွဲ့စောင်းနေသော Duty Coat အဖြူရောင်ဆီလက်တွေလှမ်းကာ ပြင်ပေး၍။
YOU ARE READING
Day ဒေး (Completed)
RomanceThink about whether you should read this first because you can have a rude expression. Wana Day × Sam Thet Ta Kyaw စိတ်ကူးယဥ်ဖန်တီးထားသည့်ဇာတ်အိမ်နှင့်ဇာတ်ကောင်များသည် အပြင်လောကနှင့်သက်ဆိုင်မှုမရှိကြောင်း ကြိုတင်သတိပေးသည်။