ဒေး အိပ်ယာမှနိုးလာ၍ မျက်လုံးများကိုဖြည်းညင်းစွာဖွင့်လိုက်၏။အခန်းအတွင်းရှိ Acကြောင့် ဗလာကျင်းနေသောခန္ဓာကိုယ်တစ်ခုလုံးအေးစက်စက်ဖြစ်နေသောအခါ ထပ်၍ မှေးနေလိုက်ရန်ပြင်ပါသော်လည်းဗိုက်ထဲတွင်မြည်ဟီးနေသည့်အသံပေါင်းစုံကြောင့် အိပ်၍မရတော့။
''ကျစ်! ဆာလိုက်တာကွာ''
ခပ်တိုးတိုးညည်းညူမိရင်း အိပ်ယာမှကုန်းရုန်းကောက်ထိုင်လိုက်ပြီးနောက် ဆံပင်တွေကြားလက်ထိုးဖွလိုက်သည်။ အိပ်ယာထဲမှ လူနဲ့တခြားစီဖြစ်နေပါသော underwear အားလိုက်ရှာ၍ကောက်စွပ်လိုက်ပြီး အခန်းအပြင်ဘက်သို့ထွက်လာ၏။ ဒေး မနက်ခင်းနိုးတိုင်း Kitchen ဘက်လျှောက်လာတတ်သည်ကအကျင့်လိုဖြစ်နေသည်။ ရှင်းလင်းနေသောမီးဖိုဆောင် နှင့်အတူ စားပွဲပေါ်တွင် စားစရာနှင့်တူသည်ကဘာတစ်ခုမှရှိမနေ။
ရေခဲသေတ္တာဖွင့်ကြည့်လိုက်သည့်အခါ နွားနို့ဗူးများ ၊ ပေါင်မုန့်များ ကွတ်ကီးတစ်ချို့နှင့် အသင့်စားအစာတချို့ အပြည့်ဖြစ်နေပါသော်လည်း တောင့်တောင့်တတဖြစ်နေသည့်မနက်စာမှာ ဒါမျိုးဟာတွေမဟုတ်သည့်အတွက် ရေခဲသေတ္တာအားပြန်ပိတ်လိုက်ပြီး အခန်းဆီသို့ပြန်လျှောက်လာလိုက်သည်။
စားပွဲပေါ်တင်ထားသည့် ဖုန်းကိုယူ၍ အံ့ထူးအားဖုန်းလှမ်းခေါ်လိုက်ပြီးနောက် မနက်စာ ကိုလာပို့ခိုင်းလိုက်ရသည်။ မနက်သစ်ပြီး သည့်အခါ ဧည့်ခန်းတွင်ထိူင်ကာ Cigarette ကိုဖွာရှိုက်နေလိုက်ရင်း အံ့ထူးကိုအားစောင့်နေလိုက်၏။
သကောင့်သားအားစိတ်မရှည်ဖြစ်လာပြီး ဖုန်းထပ်ဆက်ရန်ပြင်လိုက်စဥ် အံ့ထူးရဲ့ဖုန်းဟာတိုက်ဆိုင်စွာနှင့်ဝင်လာခဲ့သည်။
'ဒေး Security ကမေးနေလို့'
''ထွက်လာခဲ့မယ်''
ထိုင်ရာမှထလိုက်သည့်နောက် Cigarette အားလက်ကြားသို့ညှပ်ရင်း အပြင်ဘက်ခြံအတွင်းသို့
ထွက်လာလိုက်သည်။ ထို့အခါ Security ဂိတ်မှလုံခြုံရေးက ဒေးအားမြင်သည့်အခါ အံ့ထူးရဲ့ကားကို အဝင်ခံ၏။ ခြံတွင်းတစ်နေရာတွင် ကားရပ်လိုက်ကာ ကားပေါ်မှဆင်းလာသည့်အံ့ထူးအား Cigarette ကိုတစ်ဖွာရှိုက်ရင်းကြည့်နေမိသည်။ အံ့ထူးမှာ အထုပ်များစွာကိုဆွဲလျက် ဒေးအနားသို့အလျင်အမြန်လျှောက်လာ၍။

YOU ARE READING
Day ဒေး (Completed)
RomanceThink about whether you should read this first because you can have a rude expression. Wana Day × Sam Thet Ta Kyaw စိတ်ကူးယဥ်ဖန်တီးထားသည့်ဇာတ်အိမ်နှင့်ဇာတ်ကောင်များသည် အပြင်လောကနှင့်သက်ဆိုင်မှုမရှိကြောင်း ကြိုတင်သတိပေးသည်။